အပိုင်း ၂၃၈ (စာစဉ် ၁၆ အပိုင်း ၁၃)

525 74 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၈ (စာစဉ် ၁၆ အပိုင်း ၁၃)
သစ္စာရှိမှုနှင့် ဖြောင့်မတ်မှု

စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးအလောင်းကို ကြည့်ရင်း ချင်းလင်သည် ချန်ချန့်ကို ဒွိဟဖြစ်စွာ လှည့်ကြည့်လာသည်။
ချန်ချန်သည် တစ်ဖက်သို့ လှည့်ပြီး ချင်းလင်၏ အကြည့်ကို ရှောင်လိုက်သည်။
ယခင်က သူ၏ နတ်ဘုရားအာရုံကို အသုံးပြုပြီး အဆုံးမဲ့ပင်လယ်ပြင်တွင် လှိုင်းလုံးများဖြင့် ဝရုန်းသုန်းကား ဖြစ်စေခဲ့စဉ်က သူ့နတ်ဘုရားအာရုံသည် အလွန်အားနည်းသည်ဟု သူ ခံစားခဲ့ရသည်။
ယခုတော့ သူ၏ နတ်ဘုရားအာရုံက အားနည်းနေသည်မဟုတ်ဘဲ ထိုနတ်ဆိုးမ၏ နတ်ဘုရားအာရုံသည် အလွန်သန်မာနေကြောင်း ချန်ချန် သိသွား၏။
သူသည် အချိန်အတော်ကြာကတည်းက နတ်ဘုရားအာရုံကို ဖြစ်တည်နိုင်ခဲ့ပြီး နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲ၏ အားဖြည့်မှုကြောင့် သူ့နတ်ဘုရားအာရုံသည် သာမန်စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူထက် အားမနည်းချေ။
နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲကြောင့် နတ်ဘုရားအာရုံဖြင့် သူ တိုက်ခိုက်နိုင်ပြီး ၎င်းသည် စိတ်ဝိညာဥ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်ခါစ ကျင့်ကြံသူများ လုပ်နိုင်သည့်အရာမဟုတ်ပေ။

သို့သော်လည်း ထိုနတ်ဆိုးမကတော့........
သူမသည် သူ၏နတ်ဘုရားအာရုံဖြင့် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကို အမှန်တကယ် သတ်ဖြတ်ခဲ့သည်။
ထိုနတ်ဆိုးသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိပုံပေါ်ပြီး မိစ္ဆာကျင့်ကြံသူများစွာနှင့် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း သူ့အသိစိတ်ပင်လယ်ကို ကာကွယ်ထားနိုင်တုန်းပင်။
ချင်းလင်၏ နတ်ဘုရားအာရုံသာ ထိုနတ်ဆိုးထက် အဆပေါင်းများစွာ သန်မာနေခြင်းမရှိလျှင် ထိုနတ်ဆိုးကို စိုက်ကြည့်ရုံဖြင့် သတ်နိုင်လိမ့်မည်မဟုတ်ပေ။

ချန်ချန်က ဆက်လက်မတိုက်ခိုက်တော့သည်ကို မြင်ပြီး ချင်းလင် မကျေမနပ်ဖြစ်သွား၏။
ထို့အပြင် ယခုအချိန်တွင် တိုက်ပွဲကွင်းပြင်တွင် ဖရိုဖရဲဖြစ်နေပြီး နတ်ဆိုးအင်ပါတစ်ပါး၏ ‌တိတ်တဆိတ်သေဆုံးခြင်းကို မြင်ရသောအခါ နတ်ဆိုးများအတွက် စိတ်ပိုင်းဆိုင်ရာ မည်မျှထိခိုက်သွားမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ထိုလက်ရွေးစင်နတ်ဆိုးများသည် သေရမည်ကို မကြောက်သော်လည်း ရည်ရွယ်ချက်တစ်ခုမရှိဘဲနှင့် မသေချင်ကြပေ။
မည်သည့်နတ်ဆိုးမျှ အကြောက်းပြချက်မရှိဘဲ မသေလိုကြချေ။
ထို့ကြောင့် မကြာမီ နတ်ဆိုးများ စတင်ဆုတ်ခွာသွားကြတော့သည်။ ခနကြာပြီးနောက် တိုက်ပွဲကွင်းပြင်ရှိ နတ်ဆိုးများအားလုံး နောက်ဆုတ်သွားကြပြီး တစ်ကောင်တစ်လေပင် မကျန်တော့ချေ။
ကျန်းဂျိသည် အလွန်ပျော်ရွှင်သွားပြီး ချက်ချင်းပင် ချန်ချန့်ဆီသို့ ရောက်လာ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin