အပိုင်း ၂၆၄ (စာစဉ် ၁၈ အပိုင်း ၉)

264 25 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၄ (စာစဉ် ၁၈ အပိုင်း ၉)
ကျုပ်က ဒီကိစ္စနောက်ကွယ်က လူပဲ

ညနှောင်းပိုင်းတွင်
ချန်ချန် ယွမ်ချင်းတန်နှင့် ရှောင်ယွမ်ကို ခေါ်ကာ နန်ပင်းဟိုင်နှင့်အတူ မြို့ပြင်သို့ ထွက်လာသည်။
လျှို့ဝှက်ကယ်တင်ရေး အစီအစဉ်သည် လူများစွာ မလိုအပ်ချေ။
ထိုသို့မဟုတ်လျှင် သူတို့ ရောက်ပင်မရောက်ခင် ကယ်တင်ရမည့်သူ သေသွားနိုင်ပေသည်။

ပျံသန်းနေစဉ် နန်ပင်းဟိုင်သည် နဂါးပျံကျွန်းအကြောင်း ချန်ချန့်ကို ရှင်းပြနေပြီး တစ်ချိန်တည်းတွင် ကျောက်ဟွေ့အတွက် တောင်းပန်နေ၏။
"အရှင် နဂါးပျံကျွန်းဟာ လူသူမဲ့ကျွန်းတစ်ခုပါ အဲ့ဒီမှာ ကျင့်ကြံသူတွေ တစ်ယောက်မှ မရှိပါဘူး အဲ့ဒီနေရာက ဖမ်းဆီးထားတဲ့ လူတွေကို ထိန်းသိမ်းထားဖို့ နေရာကောင်းတစ်ခုပါ ဒီတစ်ကြိမ် ကျွန်တော်တို့ ကျောက်ဟွေ့ရဲ့ သားကို ကယ်တယ်နိုင်ရင် ကျောက်ဟွေ့ရဲ့ အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ"

၎င်းကို ကြားပြီး ချန်ချန် တည်ငြိမ်သော အမူအရာဖြင့် သာမန်မျှသာ ပြောလိုက်သည်။ "ကျောက်ဟွေ့က လိမ်နေတာဆိုရင်ရော?"
နန်ပင်းဟိုင်သည် ခနတာစိတ်ရှုပ်သွားပြီး မကြာမီ ရယ်မောလိုက်သည်။ "အရှင် ကျောက်ဟွေ့နဲ့ ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာတာ နှစ်တစ်ရာကျော်ပါပြီ ကျွန်တော်တို့ လှေတစ်စီးပေါ်မှာ တွေ့ခဲ့ကြပြီး အခက်အခဲမျိုးမျိုးကို အတူတူ ဖြတ်ကျော်ခဲ့ကြတယ် သူ့သားက အဖမ်းခံထားရရင်တောင် သူ ကျွန်တော့ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး ကျွန်တော် သူ့ကို ယုံကြည်တယ်"

ချန်ချန် ဘာမှမပြောတော့ပေ။
'အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ခဲ့တာလား? ငါနဲ့ ကျန်းဂျိကြားက ဆက်ဆံရေးလိုပေါ့'
နောက်ပိုင်း၌ ကျန်းဂျိတွင် သားတစ်ယောက် ရှိလာပြီး တစ်ယောက်ယောက်က ကျန်းဂျိအား သူ့သားနှင့် အကြပ်ကိုင်ကာ ချန်ချန့်ကို အန္တရာယ်ပေးခိုင်းလျှင် ကျန်းဂျိ သဘောတူမည် မဟုတ်ပေ။
နန်ပင်းဟိုင်သည် ကျောက်ဟွေ့ကို ထိုမျှထိ ယုံကြည်နေသည်မှာ မဆန်းချေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora