အပိုင်း ၂၈၉ (စာစဉ် ၂၀ အပိုင်း ၄)

239 20 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၉ (စာစဉ် ၂၀ အပိုင်း ၄)
အပင်နတ်ဆိုး

ချန်ချန် အချိန်မဆိုင်းဘဲ အနာက်ဘက်နယ်စပ်သို့ ပျံသန်းသွားပြီး မကြာမီ နတ်ဆိုးနယ‌်မြေသို့ ရောက်ရှိသွားသည်။
အနောက်ဘက်စပ်သည် နတ်ဆိုးနယ်မြေနှင့် အမြဲတမ်းထိစပ်နေပြီး ၎င်းက အနောက်ဘက်နယ်စပ်သည် ပင်မစစ်မြေပြင် ဖြစ်နေရသည့် အကြောင်းရင်းပင်။
နတ်ဆိုးနယ်မြေအစပ်သို့ သူ ရောက်ရှိသွားသောအခါ ချန်ချန် သူ့အရှိန်အဝါကို လုံးဝဖုံးကွယ်ထားလိုက်သည်။ ယခင်ကနှင့်ယှဉ်လျှင် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ရုပ်ခန္ဓာကိုယ်ကို တိတိကျကျ ပိုမိုထိန်းချုပ်လာနိုင်၏။
သူ့ခန္ဓာကိုယ်၏ အရှိန်အဝါသည် လူသားတစ်ယောက်၏ အရှိန်အဝါ တစ်စွန်းတစ်စမှ မရှိတော့ဘဲ ကောင်းကင်နှင့် မြေကြီးနှင့် လုံးဝပေါင်းစပ်လုနီးပါးပင်။
၎င်းသည် သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင် နတ်ဆိုးနယ်မြေသို့ ထိုးဖောက်ဝင်ရောက်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်နိုင်ပေသည်။

သို့သော်လည်း နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူ၏ မြင်နိုင်စွမ်းသည် လျော့ကျသွား၏။
သူ့သိုလှောင်လက်စွပ်ထဲတွင် နတ်ဆိုးနယ်မြေ၏ မြေပုံအတိအကျရှိသော်လည်း နတ်ဆိုးနယ်မြေသည် အလွန်အမင်း ကျယ်ပြန့်ပေသည်။ မြေပုံကို ကြည့်ပြီး ပျံသန်းခြင်းက သူ့ကို နှောင့်နှေးစေလိမ့်မည်။
ချန်ချန် မြေပုံကို ထုတ်မကြည့်တော့ဘဲ ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ နတ်ဆိုးလေးများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
သို့ရာတွင် ထိုနတ်ဆိုးလေးများသည် သူ့ကို အာရုံခံနိုင်လောက်သည်အထိ ကျင့်ကြံခြင်းအဆင့် မြင့်မားမှုမရှိသဖြင့် သူ ဂရုမစိုက်တော့ပေ။

အနောက်ဘက်သို့ မီတာထောင်ပေါင်းများစွာ ပျံသန်းပြီးနောက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်တစ်ကောင်သည် သူ၏ နတ်ဘုရားအာရုံထဲတွင် ပေါ်လာ၏။
ထိုစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်သည် ကြက်တူရွေးဦးခေါင်း ရှိနေပြီး လူသားနယ်မြေဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပျံသန်းနေကာ ရည်မှန်းချက်များ အိပ်မက်များစွာ ရှိနေဟန်ပင်။
စကားတစ်ခွန်းမှ မပြောဘဲ ချန်ချန် သူ့လက်ကို ဆန့်ထုတ်ကာ ကြက်တူရွေးနတ်ဆိုးကို ဖမ်းဆုပ်ပြီး အပူပင်မဲ့အင်မော်တယ်နန်းတော်ထဲသို့ ထည့်လိုက်သည်။
သူ့ရှေ့မှ မြင်ကွင်းပြောင်းလဲသွားသည်ကို မြင်ပြီး ကြက်တူရွေးနတ်ဆိုးဘုရင်သည် အံ့အားသင့်သွားပြီး မေးရိုးများ ပြုတ်ကျသွားကာ ဘာဖြစ်သွားသည်ကို သူ မဖြေမရှာနိုင်ချေ။
ချန်ချန် သူ့ကို အေးစက်စွာ ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ "အမြှီးကိုးခုမြေခွေးကလန်က ဘယ်နေရာမှာလဲဆိုတာ မင်း သိလား?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now