အပိုင်း ၂၂၂ (စာစဥ္၁၅ အပိုင်း ၁၂)

608 67 3
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၂ (စာစဉ် ၁၅ အပိုင်း ၁၂)
လူသားအားလုံးတွင် ခံစားချက်များ ရှိကြသည်

ချန်ချန် အတော်လေး ပျာယာခတ်နေခဲ့သည်။ အဖြူရောင်ဝက်ဝံနတ်ဆိုးအင်ပါယာသည် သူ့နောက်ကို လိုက်နေပြီး သူ့ညီကိုနှစ်ယောက်သည် တစ်ဖွဲ့စီခွဲကာ သူ့ကို လိုက်ဖမ်းနေကြသည်။
အဖြူရောင်ဝက်ဝံနတ်ဆိုးအင်ပါယာ၏ အဖွဲ့မှလွဲ၍ အခြားနှစ်ဖွဲ့တွင် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်စီ ပါဝင်နေ၏။
ရိုးရိုးသားသားပြောရလျှင် ချန်ချန် လက်ရှိစွမ်းအားဖြင့် အားနည်းသော စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူများကိုသာ တိုက်ခိုက်နိုင်ပေသည်။
အမှောင်အစောင့်များဖြင့်ဆိုလျှင် ထိုနှစ်ဖွဲ့ကို သူ အနိုင်ယူနိုင်ပေသည်။
ကံမကောင်းစွာဖြင့် တိုက်ပွဲများစွာ ကြုံတွေ့ပြီးနောက် ထိုနှစ်ဖွဲ့သည် သင်ခန်းစာများ ရခဲ့ကြသည်။ ထို့ကြောင့် သူ့ကို အနီးကပ်မတိုက်ခိုက်တော့ဘဲ ဖမ်းဆီးရန်သာ ကြိုးစားလာ‌တော့သည်။

"စီနီယာအကို ဒီတစ်ကြိမ်မှာ ကျွန‌်တော့ကို ထွက်မသွားခိုင်းပါနဲ့တော့ စီနီယာ ကျွန်တော့ကို ကန်ထုတ်ရင်တောင် ကျွန်တော် ထွက်မသွားနိုင်ဘူး"
ယွမ်ချင်းတန်သည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး အတော်လေး ပြတ်ပြတ်သားသား ဖြစ်နေ၏။

ချန်ချန်သည် ယွမ်ချင်းတန်ကို အံ့အားသင့်စွာ ကြည့်မိပြီး သူ ပို၍ထက်မြက်လာသည်ကို ဝမ်းသာမိသည်။
သို့သော်လည်း ယွမ်ချင်းတန်သည် ရွှေရောင်အမြုတေအဆင့်တွင်သာ ရှိသေးကာ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ နတ်ဘုရားအာရုံက အလွယ်တကူထောက်လှမ်းနိုင်ပြီး သူ၏ နတ်ဘုရားပုန်းကွယ်နည်းစနစ်ကို အသုံးပြုလျှင်ပင် အဖမ်းခံရနိုင်သဖြင့် သူ ထွက်သွားလျှင်ပင် အသက်ရှင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ ချန်ချန်သာ သူ့ကို တစ်‌ယောက်တည်း ထွက်သွားခိုင်းလျှင် မည်သည့်အဖွဲ့မဆို သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
အန္တရာယ်အလွန်များသဖြင့် ယွမ်ချင်းတန်ကို သူနှင့် အတူ‌ရှိနေရန် ချန်ချန် ခွင့်ပြုလိုက်သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora