အပိုင်း ၂၉၄ (စာစဉ် ၂၀ အပိုင်း ၉)

223 20 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၄ (စာစဉ် ၂၀ အပိုင်း ၉)
မင်းက မိ‌တ်ဆွေ တော်‌တော်ပေါတာပဲ!

ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင် ထွက်ခွာပြီးနောက် ဟူရ‌ှင်းအာ၏ မျက်နှာသည် အံ့အားသင့်မှု စိတ်ရှုပ်မှုဖြင့် ဖုံးလွှမ်းနေသည်မှာ ချစ်စရာကောင်းပြီး တုံးအ,သည့် ကောင်မလေးတစ်ယောက်လိုပင်။
အပူပင်မဲ့အင်မော်တယ်နန်းတော်ထဲမှ ချန်ချန်သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရပြီး သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အလွန်အံ့အားသင့်မိသည်။

"တာဝန်ခံကလန်ခေါင်းဆောင်ကို အရိုအသေပေးပါတယ်"
ဘဏ္ဍာစိုးကြီးသည် အလွန်စိတ်လှုပ်ရှားနေပြီး ခံစားချက်များ ထွက်ပေါ်လာကာ မျက်ရည်များ ကျဆင်းနေသည်။ ထို့နောက် သူ ချက်ချင်း ခါးညွှတ်ကာ ဟူရှင်းအာကို အရိုအသေပေးလိုက်တော့၏။
ထိုမြင်ကွင်းကို မြင်ပြီး သူ့ဘေးရှိ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့် ကလန်အကြီးအကဲသည်လည်း အလောတကြီးဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဟူချင်းကတော့ ဖြူဖျော့နေသော အမူအရာဖြင့် ခေါင်းငုံ့နေသည်။

ဟူရှင်းအာက ကလန်ခေါင်းဆောင်ဖြစ်လာသဖြင့် ကိစ္စအားလုံးသည် ဆုံးဖြတ်ပြီးသွားလေပြီ။
သူ အခြေအနေကို ပြောင်းလဲလိုလျှင်ပင် သူ လုပ်နိုင်တာ ဘာမှမရှိပေ။ တကယ်ဆို အမြှီးကိုးခုမြေခွေးကလန်တွင် အမြင့်ဆုံးအာဏာရှိသည်မှာ ယခုအချိန် ရှေ့တန်းတွင်ရှိနေသော သူ့အဖေဖြစ်နေဆဲပင်။
သူ ရှိနေသရွေ့ ကလန်၏ ကိစ္စရပ်များကို စီမံခန့်ခွဲရသည်ကို မနှစ်သက်လျှင်ပင် သူ့စကားများကို မည်သူမျှ လျစ်လျူရှုမဟု‌တ်ပေ။ ၎င်းက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အကြွင်းမဲ့စွမ်းအားကြောင့်ပင်။

"တာဝန်ခံကလန်ခေါင်းဆောင် ကျေးဇူးပြုပြီး ဒီစည်းတံဆိပ်ကို လက်ခံပေးပါ"
ကလန်အကြီးအကဲသည် သေတ္တာတစ်လုံးကို ထုတ်ယူပြီး တည်ငြိမ်စွာဖြင့် ဟူရှင်းအာကို ကမ်းပေးလိုက်သည်။
ဟူရှင်းအာ ၎င်းကို ယူပြီး ဖွင့်ကြည့်ရာ အမြှီးကိုးခုမြေခွေးတစ်ကောင်ပုံ ထွင်းထုထားသော လေးထောင့်ပုံ အဖြူရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ‌တွေ့လိုက်ရသည်။ ၎င်းသည် အလွန်အမင်း ကြီးကျယ်ခမ်းနားနေ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin