အပိုင်း ၂၇၄ (စာစဉ် ၁၉ အပိုင်း ၄)

232 24 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၄ (စာစဉ် ၁၉ အပိုင်း ၄)

ထိုအကြောင်းကို တွေးပြီးနောက် သူ့အမြင်တွင် ၎င်းသည် အနည်းငယ် မသင့်တော်ဟု ထင်မြင်မိသဖြင့် တစ်ဖက်သို့ လှည့်ကာ သူ့အနားမှ အမျိုးသမီးကျင့်ကြံသူများကို လျစ်လျူရှုထားတော့သည်။

"ချန်ချန်!" ရှရှီယွမ် အော်ခေါ်မိသည်။
သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြရန် ကြိုးစားနေမှန်း သိသာနေသည်။ ချန်ချန် သူမကို လှည့်ကြည့်ပြီး နွေးထွေးတောက်ပစွာ ပြုံးပြလိုက်သည်။
ယခုအချိန်တွင် မှန်ကို ကြည့်နေရခြင်းမဟုတ်သည့်တိုင် ချန်ချန် ပျော်ရွှင်ကြည်နူးနေမိ၏။
သို့သော်လည်း ရှရှီယွမ်သည် ၎င်းကို သတိထားမိဟန်မရှိဘဲ ချန်ချန့်ရှေ့သို့ အလျင်အမြန် ရောက်လာသည်။ သူမ တစ်ခုခုပြောချင်နေသော်လည်း ဘာမှပြော‌မ‌ထွက်ခဲ့ချေ။
သူ့ရှေ့မှ မိန်းကလေးကို ကြည့်ရင်း ချန်ချန့်မျက်နှာပေါ်မှ အပြုံးသည် ပုံမှန်ပြန်ဖြစ်သွားကာ လက်တစ်ဖက်ဖြင့် သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ရှီယွမ် ငါ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ကို ရောက်သွားပြီ အခုကစပြီး အနောက်ဘက်နယ်စပ်က စစ်မြေပြင်မှာ ငါ ရှိနေမယ်"

ရှရှီယွမ်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ သူမဆရာကို လှည့်ကြည့်လိုက်သည်။
တကယ်ဆို သူမ၏ ဆရာသည် သူမတို့နှစ်ယောက်လုံး စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်သောအခါမှသာ အတူတူနေနိုင်မည်ဟု ပြောထားခဲ့ပေသည်။
ရှရှီယွမ်၏ အကြည့်ကို မြင်ပြီး ချန်ချန် ခေါင်းငုံ့ကာ နတ်ဆိုးအင်ပါယာပင်းရှန်ဘက်သို့ လေးနက်စွာ ကြည့်လိုက်သည်။
၎င်းကို မြင်ပြီး ဟောင်ရန်ဓားကလန် သူတော်စင်မယ်၏ မျက်နှာသည် ဆတ်ခနဲ တုန်သွားပြီး တစ်ဖက်သို့ လှည့်ကာ မသိဟန်ဆောင်လိုက်သည်။
ရှရှီယွမ် စိတ်လှုပ်ရှားနေသော်လည်း မည်သို့ဖော်ပြရမည်ကို မသိဘဲ ချန်ချန့်ကို ကြည့်ကာ သူမမျက်နှာ နီမြန်းသွား၏။

"တုံးအ,တဲ့ ကောင်မလေး"

ချန်ချန် ညင်သာစွာ ရေရွတ်ကာ ရှရှီယွမ်ကို ဆွဲပွေ့ကာ အကြိမ်အနည်းငယ်လောက် မွှေ့ယမ်းပြီးနောက် ချပေးလိုက်သည်။
အဝေးတွင် ရှိနေကြသော ကျင့်ကြံသူများသည် အလွန်အမင်း လှုပ်လှုပ်ရွရွဖြစ်သွားပြီး အမျိုးသမီးကျင့်ကြံသူများသည် အော်ငိုချင်နေကြ၏။
လူသားများတွင် ခံစားချက်များ ရှိနေသည်မှာ သဘာဝပင်။
လူငယ်ကျင့်ကြံသူအားလုံးသည် ထိုကဲ့သို့ ကြည်နူးဖွယ်ဆက်ဆံရေးမျိုး လိုချင်တောင့်တလာကြသည်။
ဤစစ်ပွဲအလယ်တွင် ချစ်ခြင်းမေတ္တာသည် ပိုမိုတန်ဖိုးရှိနေဟန်ပင်။ ချစ်သူနှစ်ဦးက ပေါင်းဖက်ရန် အခွင့်အရေးရသွားသည်ကို ကြည့်ပြီး သူတို့အားလုံး မနာလိုအားကျမိသွားကြသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျင့်ကြံသူများအားလုံး လူစုခွဲလိုက်ကြသည်။
ချန်ချန်နှင့် ရှရှီယွမ်သည် တဲတစ်ခုထဲတွင် ရှိနေပြီး အချိန်အတော်ကြာ မတွေ့ခဲ့ရသဖြင့် ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆို ကြည်နူးနေကြ၏။
ထိုအချိန်တွင် ချန်ချန် သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူကာ ရှရှီယွမ်ကို ပေးလိုက်သည်။
"ဒီအထဲမှာ ငါ အဆုံးမဲ့ပင်လယ်ကို သွားတုန်းက ရလာခဲ့တဲ့ ရတနာတွေ ရှိတယ် ဒါတွေနဲ့ဆို မင်းလည်း သိပ်မကြာခင် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now