အပိုင်း ၂၁၉ (စာစဉ် ၁၅ အပိုင်း ၉)

627 74 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၉ (စာစဉ် ၁၅ အပိုင်း ၉)
ရန်သူ၏ တိုက်ခိုက်ခြင်း

"ချန်ချန် ကောင်းကင်ဝံပုလွေနတ်ဆိုးအင်ပါယာက နတ်ဆိုး‌ထောင်ဂဏာန်းအနည်းငယ်နဲ့အတူ မီးတောက်တောင်တန်းကို ဖြတ်သွားခဲ့ပြီ အခု သူတို့က ဂျင်တိုင်းပြည်ကို သွားတဲ့လမ်းမှာ! မင်း ဂရုစိုက်ပါ"
မနက်စောစောတွင် ချန်ချန် ကျင့်ကြံနေစဉ် လောင်ဟေးဆီမှ စာတစ်စောင် ရောက်လာ၏။

"နတ်ဆိုးထောင်ဂဏာန်းအနည်းငယ်.....သူတို့ ရောက်ရောက်ချင်းပဲ ငါ့ကို သောက်ပြဿနာတွေ ပေးနေတယ်"
ချန်ချန် တိတ်တဆိတ် ဆဲဆိုမိသည်။
ပုံမှန်အားဖြင့် နတ်ဆိုးထောင်ဂဏာန်းအနည်းငယ်ကို စုစည်းနိုင်သူတို့သည် သိပ်မကြာခင်က ကျော်ကြားခဲ့သော ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာတို့ကဲ့သို့ သာမန်မဟုတ်သည့်နတ်ဆိုးများ ဖြစ်ကြသည်။ သူတို့သည် တိုင်းပြည်များကို ဖျက်ဆီးပြီး ပါရမီရှင်နတ်ဆိုးများကို သူတို့နှင့်အတူ ခေါ်လာကာ နတ်ဆိုးထောင်ပေါင်းများစွာကို စုစည်းကြ၏။
ကောင်းကင်ဝံပုလွေနတ်ဆိုးအင်ပါယာသည် ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာတို့ မကျော်ကြားခင်ကနှင့် တန်းတူ ဖြစ်သည်။ ယခင်က ကျိုးတိုင်းပြည်မှ ထွက်ပြေးခဲ့သော အဆိပ်နဂါးနတ်ဆိုးအင်ပါယာက သူတို့နှင့် နှိုင်းယှဉ်၍မရချေ။

"ဒီနတ်ဆိုး‌တွေ ဂျင်တိုင်းပြည်ထဲ ဝင်လာမှာကို ငါ ခွင့်မပြုနိုင်ဘူး မဟုတ်ရင် အကျိုးဆက်က စိတ်မကူးနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်"
ချန်ချန်သည် ရန်သူများ တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပြီး ခုခံလိုနေ၏။
နတ်ဆိုးထောင်ဂဏာန်း၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ့လူများကလည်း အားနည်းကြသည်မဟုတ်ဘဲ ကျိုးတိုင်းပြည်နှင့် ပူးပေါင်းလိုက်လျှင် ရန်သူကို အနိုင်ယူနိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။
ကောင်းကင်ဝံပုလွေနတ်ဆိုးအင်ပါယာကို မည်ကဲ့သို့ထောင်ချောက်ဆင်ရမည်ကို စဉ်းစားတော့မည့်အချိန်တွင် သူ့လူတစ်ယောက်ဆီမှ သတင်းဆိုးများကို ကြားလိုက်ရသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora