အပိုင်း ၂၇၈ (စာစဉ် ၁၉ အပိုင်း ၈)

242 19 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၈ (စာစဉ် ၁၉ အပိုင်း ၈)
အနက်ရောင်တိမ်တိုက်များ မြို့ပေါ်တွင် ဖုံးလွှမ်းသွားခြင်း

"ဒီကောင်လေးက တကယ့်ကို ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ကောင်းကင်ထက်ရှိ မျက်နှာကြီးသည် ချန်ချန့်ကို စိတ်ဆိုးမှုတစ်ဝက် လေးစားမှုတစ်ဝက်ဖြင့် ကြည့်လာသည်။
သူ ချန်ချန့်ကို လေးစားမိသည်မှာ သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကိုပင် လှောင်ပြောင်ဝံ့ပြီး အခြားတစ်ဖက်တွင် ချန်ချန်က နှိမ်နှိမ့်ချချ မနေသည်ကို သူ စိတ်တိုနေမိသည်။
နတ်ဆိုးများက သူ၏ ရန်သူဖြစ်နေလျှင်ပင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကို ရန်မစသင့်ပေ။

ချန်ချန် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ရယ်မောလိုက်သည်။ "စီနီယာ ကျွန်တော်က ဒီအတိုင်း ထောက်ပြပြောပြရုံပါ"

"သူက အခွင့်အရေးတစ်ခုရှာပြီး မင်းကို သတ်မှာကို မကြောက်ဘူးလား?"

"ကျွန်တော်က ဘာကို ကြောက်ရမှာလဲ? အဲ့ဒီစိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ စီနီယာ့လို လူတွေ အများကြီး ရှိနေတာပဲလေ"

ထိုစကားများကို ကြားပြီး ကောင်းကင်ထက်ရှိ မျက်နှာပိုင်ရှင်သည် ပြောစရာစကားမဲ့သွား၏။
'ဒီကလေး ဘာကို ပြောချင်နေတာလဲ? နတ်ဆိုးတွေက သူ့ကို လက်စားချေလာရင် ငါတို့လို လူသားမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေက အရည်အချင်း မရှိဘူးလို့ ပြောနေတာလား?'
'သူက တော်တော့ကို လျှာစောင်းထက်တာပဲ!'
'ငါ သူ့ကို စကားဆက်ပြောနေရင် ငါ ဒေါသထွက်မိလိမ့်မယ်!'

"ငါ သွားတော့မယ်!"
ထို့နောက် ကောင်းကင်ထက်ရှိ မျက်နှာကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဖြူရောင်တိမ်တိုက်များ ပြန်လည်ဖြစ်တည်လာသည်။
ချန်ချန် ‌လက်နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး တည်ငြိမ်နေသော ကောင်းကင်ကို ပြုံးကာ ကြည့်နေ၏။

နတ်ဆိုးဖိနှိပ်ခြင်းမြို့သို့ ပြန်ရောက်ပြီးနောက်.....

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300حيث تعيش القصص. اكتشف الآن