အပိုင်း ၂၉၁ (စာစဉ် ၂၀ အပိုင်း ၆)

222 18 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၁ (စာစဉ် ၂၀ အပိုင်း ၆)
သခင်က အကြွင်းမဲ့ပါပဲ

သူ‌့ရှေ့ရှိ နတ်ဆိုးသည် ဘယ်နေရာက ရောက်လာမှန်းနှင့် ဘာကြောင့် ဘာမှသိ‌မနေသည်ကို သူ အဖြေမရှာနိုင်ချေ။
'သူက လူသားတစ်ယောက်လား?'
'ဒါပေမယ့် သူက လူသားနဲ့လည်း မတူဘူးလေ....သူ့အသားအရေက အဝါရောင်တောက်နေပြီးတော့ သူ့မျက်နှာကလည်း တွန့်လိမ်ရှုံ့တွနေတယ်'

"ဆက်ခံသူနေရာကို ဘယ်နှယောက်ယှဉ်ပြိုင်မှာလဲ?"
ချန်ချန် ထပ်မေးလိုက်သည်။
ခနတာတွေးပြီးနောက် နတ်ဘုရားနဂါးနတ်ဆိုးအင်ပါယာက ပြန်ဖြေလာသည်။ "နှစ်‌ယောက်ပါ နှစ်ယောက်လုံးက စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း‌ နှောင်းပိုင်းအဆင့်မှာ ရှိပြီးတော့ အမြှီးကိုးခုမြေခွေးကလန်မှာ ကျော်ကြားကြပါတယ်"

၎င်းကို ကြားပြီး ချန်ချန့်မျက်နှာ သုန်မှုန်သွား၏။
'စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း နှောင်းပိုင်းအဆင့်......ငါ ဟူရှင်းအာကို ခေါ်ထုတ်နိုင်မယ်လို့ ဆိုလိုနေတာပဲ'
'သူမက အလားအလာရှိတဲ့ ရွေးချယ်ခံတစ်ယောက်တောင် မဖြစ်ခဲ့ဘူး အခုတော့ ငါ့ရည်မှန်းချက်တွေကို ရရှိဖို့ သူမကို အသုံးမချနိုင်‌တော့ဘူးပဲ'
'ဒါက တကယ့်ကို ဆိုးရွားတယ်.......'
ထို့အပြင် သူသည် ကောင်းကင်မြေခွေးတောင်တန်းနှင့် မကျွမ်းဝင်ချေ။
သူ၏ လက်ရှိစွမ်းရည်များဖြင့်ဆိုလျှင် သူ စိတ်ရှိသလို ပြုလုပ်ရန် မဖြစ်နိုင်ပေ။

"ကောင်းကင်မြေခွေးတောင်တန်းမှာ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းနဲ့ အထက်ဆင့် ကျင့်ကြံသူ ဘယ်လောက်များများရှိလဲ?"

"သုံးဆယ်ဝန်းကျင် ရှိမယ်ထင်တယ် လူသားနယ်မြေကို မသွားကြတဲ့ မဟာနတ်ဆိုးကလန်ရှစ်ခုက နတ်ဆိုးအင်ပါယာတွေ အကုန်လုံး ဒီမှာရှိနေကြတယ်"

ထိုအဖြေကို ကြားပြီးနောက် ချန်ချန် အသက်ပြင်းပြင်းရှူလိုက်သည်။
'အယောက်သုံးဆယ်ဝန်းကျင်ရှိမယ့် နတ်ဆိုးအင်ပါယာ‌တွေ........ ဟူရှင်းအာကို ကယ်တင်တာကတင် တော်တော်လေး ခက်ခဲနေပြီ ကျန်တဲ့ကိစ္စတွေကတော့ ငါ မေ့ထားလိုက်ရမှာပေါ့'
သူ ဆုံးဖြတ်ချက်တစ်ခု မချခင် ဟူရှင်းအာနှင့် သူ တွေ့ဆုံရပေလိမ့်မည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Opowieści tętniące życiem. Odkryj je teraz