အပိုင်း ၂၄၃ (စာစဉ် ၁၇ အပိုင်း ၃)

612 79 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၃ (စာစဉ် ၁၇ အပိုင်း ၃)
စီနီယာအကို ချန်ချန်၊ စံပြလူသား

ရူးသွပ်နေသော ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာကို ကြည့်ပြီး နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာ၏ အမူအရာပြောင်းလဲသွားသည်။
'ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာက အသက်ရှင်နေတုန်းပဲ!'
ရိုးရိုးသားသားပြောရလျှင် သူ ပြန်လာသော လမ်းတွင် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာ၏ အလောင်းကို ကောက်ရန် ပြင်ဆင်ထားပြီး ၎င်းကို မည်သို့ ဖြေရှင်းရမည်ကို နည်းလမ်းများစွာပင် စဉ်းစားထားခဲ့သည်။
သို့သော်လည်း ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာက အသက်ရှင်နေသေး၏။
၎င်းက အတော်ကောင်းပေသည်။ သို့သော်လည်း ဤကိစ္စတွင် တစ်ခုခုလွဲချော်နေကြောင်း သူ ခံစားချက်ရနေသည်။ ဘာမှားနေသည်ကို သူ အဖြေမရှာနိုင်ရုံသာ ဖြစ်သည်။
သူ စိတ်ပျံ့လွင့်နေစဉ် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာသည် သူ့ပါးစပ်ကို ရုတ်တရက် ဖွင့်ကာ သူ့ကို အသံလှိုင်းဖြင့် တိုက်ခိုက်လာသည်။

"ဦးနှောက်မဲ့တဲ့ကောင်!" နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် ဆဲဆိုပြီးနောက် ခြေထောက်ဖြင့် မြေပြင်ကို ဒေါသတကြီး ဆောင့်ချလိုက်သည်။ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ချက်ချင်းပင် ကျဆင်းသွားပြီး မကြာမီ ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာသည် အေးခဲသွားကာ မလှုပ်ရှားနိုင်‌တော့ချေ။
ခဲနေသော ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာကို ကြည့်ရင်း နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် သူ့ကို ရိုက်သတ်ပစ်ချင်နေသော်လည်း မလုပ်ခဲ့ချေ။
တကယ်ဆို ထိုအရူးကောင်သည် နတ်ဆိုးများ ကာကွယ်လိုသူ ဖြစ်ပြီး နတ်ဆိုးများစွာ၏ စိတ်ဓာတ်ခွန်အားပင်။
ထို့အပြင် သူ အာရုံခံမိသည်မှန်လျှင် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ့‌သွေးမျိုးဆက်ကြောင့် ပြန်လည်ကောင်းမွန်လာ၏။
'ကောင်းကင်က မျက်စိကန်းနေတာပဲ ဖြစ်ရမယ်'

အခြားတစ်ဖက်တွင် လူသားကျင့်ကြံသူများသည် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာက နောက်ပြန်ဆုတ်သွားသည်ကို မြင်သောအခါ စခန်းဆီသို့ ပြန်သွားရန် ကြိုးစားကြတော့သည်။
နတ်ဘုရား‌ဆီးနှင်းနတ်ဆိုးအင်ပါယာ တကယ်ပင် ပြန်မလာသည်ကို မြက်သောအခါမှ သူတို့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိကြသည်။
ပြန့်ကျဲနေသော ကျင့်ကြံသူများ စခန်းတွင် ပြန်လည်စုစည်းမိကြရန် အချိန်သိပ်မကြာလိုက်ချေ။
လူသားကျင့်ကြံသူတစ်ရာနီးပါး သေဆုံးခဲ့ရသည်။ ၎င်းက လူသားများကို များစွာမဆုံးရှုံးစေသော်လည်း ပြဿနာမှာ ထိုကျင့်ကြံသူများသည် နောက်ဆုတ်နေရင်း သေဆုံးခဲ့ကြပြီး နတ်ဆိုးတစ်ကောင်တစ်လေမှ ဒဏ်ရာရခြင်း သေခြင်း မရှိခဲ့ပေ။
သူတို့က ဘာအတွက်မှ မဟုတ်ဘဲ သေဆုံးခဲ့ရသည်။
၎င်းက ကျင့်ကြံသူများကို လက်မခံနိုင်ဖြစ်စေသည်။ တကယ်ဆို ဤလူများသည် သူတို့နှင့်အတူတကွ အသက်ရှင်ခဲ့ကြသော ရဲဘော်များ စီနီယာများပင်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now