အပိုင်း ၂၂၉ (စာစဉ် ၁၆ အပိုင်း ၄)

524 66 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၉ (စာစဉ် ၁၆ အပိုင်း ၄)
ရိုးရှင်းပြီး သိပ်မထူးခြားပါဘူး

လှေကြီးသည် တဖြည်းဖြည်း စတင်ထွက်ခွာလာပြီး ကျင့်ကြံသူများသည် လှေကြီးပေါ်ရှိ သူတို့၏ ယာယီအခန်းများဆီသို့ ပြန်သွားကြသည်။
၎င်းက အလယ်ဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ကျသင့်သော လှေဖြစ်သဖြင့် အခန်းထဲရှိ အပြင်အဆင်များသည် အလွန်အမင်း သားနားနေ၏။
၎င်းကို မြင်ပြီး ချန်ချန် နေလို့ထိုင်လို့ ပိုကောင်းသွားသလို ခံစားလိုက်ရသည်။
လှေကြီးတစ်ခုတည်း၏ တည်ဆောက်မှုကုန်ကျစရိတ်သည် အလွန်အမင်း ဈေးကြီးပေသည်။
ထို့အပြင် အစီအရင်ကိုလည်း ခရီးတစ်လျှောက်လုံး ဖွင့်ထားသဖြင့် စိတ်ဝိညာဉ်စွမ်းအင် စားသုံးမှုသည် အလွန်အမင်း မြင့်မားပေသည်။
ထို့အပြင် သူတို့ရရှိသော စိတ်ဝိညာဉ်ကျောက်တုံးများသည် ထိုစိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တည်း ရရှိခြင်းမဟုတ်ပေ။

ချန်ချန် လှေပေါ် စရောက်ကတည်းက သေသေချာချာ စစ်ဆေးကြည့်ရာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်သည် အစောင့်များ ဖြစ်နေကြပြီး လှေပိုင်ရှင်သည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ပင်။
အခြားတာဝန်များကို ယူထားရသော လူတစ်ရာကျော်လည်း ရှိနေ၏။
ချန်ချန် ဆက်လက်အားကျခြင်းမရှိချေ။ တကယ်ဆို သူ ပိုက်ဆံရှာသည့်နည်းလမ်းသည် ခေါင်းဆောင် သို့မဟုတ် အန္တရာယ်ကြားထဲ သွားရန် မလိုအပ်ချေ။

ရတနာရှာဖွေခြင်း စည်းမျဉ်းသည် ရိုးရှင်းပေသည်။
ကျင့်ကြံသူများသည် ပင်လယ်ထဲ အချိန်မရွေးဆင်းကာ ရေအောက်တွင် ရှာနိုင်သော်လည်း လှေဆီမှ ၁၀ကီလိုမီတာအတွင်းသာ ဖြစ်ရပေမည်။
လှေသည် ကီလိုမီတာ ၅၀၀၀တိုင်းတွင် နေ့တဝက်ကြာ ရပ်တန့်ပေးမည်ဖြစ်သည်။ ထိုနေ့တဝက်အတွင်း လှေကို အလယ်ဆုံမှတ်အဖြစ်ထားကာ ကီလိုမီတာ ၂၅၀ပတ်လည်ကို ဖြန့်ကျက်ရှာဖွေနိုင်ပေသည်။

အရှေ့ဝင်ရိုးစွန်းကျွန်းအနီးရှိ ပင်လယ်ပြင်ကို လှေငယ်လေးများက နေ့တိုင်းရှာဖွေနေသဖြင့် လှေက စတင်ထွက်ခွာသောအခါ လှေပေါ်ရှိ ကျင့်ကြံသူများသည် ထိုနေရာတွင် ရှာဖွေလိုစိတ်မရှိကြချေ။
ထိုနေရာတွင် ရတနာကောင်းရှာတွေ့ရန် ဖြစ်နိုင်ခြေက အတော်နိမ့်၏။
ထို့အပြင် လှေပေါ်ရှိ လူချမ်းသာများအားလုံးသည် သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထားကြပြီး ယခုပင် ပင်လယ်ထဲဆင်းကာ ရတနာရှာဖွေလျှင် လှေ‌ငယ်လေးပေါ်ရှိ ဆင်းရဲသားများကဲ့သို့ ဖြစ်သွားပေမည်။
လှေသည် ကီလိုမီတာ၅၀၀ ရွက်လွင့်ပြီးနောက် ကျင့်ကြံသူအချို့က ပင်လယ်ထဲသို့ ဆင်းကာ ရတနာများ စတင်ရှာဖွေ‌ကြတော့၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now