အပိုင်း ၂၁၀ (စာစဉ် ၁၄ အပိုင်း ၁၅)

667 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၀ (စာစဉ် ၁၄ အပိုင်း ၁၅)
ဒီနေ့ နေရောင်က ပိုစူးရှနေသလိုပဲ

"လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို မြင်နိုင်ပေမယ့် သူ့စိတ်ထဲက အစစ်အမှန်အတွေးတွေနဲ့ သူ့နှလု့းသားထဲက ရည်ရွယ်ချက်တွေကို မြင်နိုင်မှာမဟုတ်ဘူး"

ဖူကွမ်မြို့ထဲတွင် ယုဟို သက်ပြင်းချမိသည်။ ထိုအချိန်တွင် ကိစ္စတစ်ခုလုံး၏ နောက်ကွယ်ရှိ အမှန်တရားကို လေ့လာသင်ယူနေသည်။ ချန်ချန်၏ ထက်မြက်မှုကို လေးစားနေရင်း လူသားတို့၏ စိတ်နေစိတ်ထားသဘောသဘာဝကို ချင့်ချိန်စဉ်းစားနေသည်။

"စီနီယာအစ်ကို ယုဟို ကျွန်တော် မဟူရာအင်မော်တယ်ဂိုဏ်းသားတစ်ယောက်နဲ့ အရင်က ရင်ဆိုင်ခဲ့ဖူးတာကြောင့် သဲလွန်စအချို့ကို ရရှိခဲ့တယ် ဒါမှမဟုတ်ရင် ကျွန်တော်လည်း သိမှမဟုတ်ဘူး"

သူ့ရှင်းပြမှုကို နားထောင်ပြီးနောက် ယုဟိုနှင့် စုလျန်းသည် စိတ်သက်သာရာရသွားကြသည်။
'ငါတို့က တုံးအ,နေကြတာ မဟုတ်ဘူးပဲ! မဟူရာအင်မော်တယ်ဂိုဏ်းကိုက ကောက်ကျစ်လွန်းတာ! ဟုတ်တယ်! အဲ့ဒီအတိုင်းပဲ!'

"ဂျူနီယာညီလေး မြို့ပြင်က နတ်ဆိုးတွေကရော?" စုလျန်းက မေးလာသည်။
၎င်းကို ကြားပြီး ချန်ချန် နောင်တတစ်ချို့ဖြင့် ညင်သာစွာ သက်ပြင်းချမိသည်။ "သူတို့ ပြန်ဆုတ်သွားကြပြီ ဒါက နှမြောစရာပဲ ဒါမှမဟုတ်ရင် မြို့ထဲမှာ သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ခင်းကျင်းပြီး သူတို့ကို ဖြားယောင်းနိုင်လိမ့်မယ် ဒါဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ?"

ယုဟိုနှင့် စုလျန်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ခေါင်းငုံ့လိုက်ကြ၏။
'ငါတို့ ဘာလို့ အဲ့ဒီလိုမတွေးမိရတာလဲ?'
'ငါတို့က မသိကျွမ်းတဲ့ နယ်မြေထဲကို အရဲစွန့်ပြီး သွားတဲ့နေရာမှာ မကျွမ်းကျင်ဘူးပဲ ငါတို့ ကျောက်စိမ်းဆေးမီးဖိုကလန်ထဲမှာ နေတာပဲ ပိုကောင်းတယ် အပြင်လောကမှာ အန္တရာယ်ရှိတဲ့ ထောင်ချောက်တွေ လှည့်စားမှုတွေ အများကြီးပဲ'

တကယ်ဆို ဂျင်တိုင်းပြည်ရှိ ရှေးဟောင်းဂူသို့ သူတို့ သွားရဦးမည်ဖြစ်သည်။
ယုဟိုက အကြံပြုလာသည်။ "ဂျူနီယာညီလေး ငါတို့ မြန်မြန်ပြန်တာ ပိုကောင်းမယ် ဒီကိစ္စတွေအားလုံးကို ငါ ကလန်ကို တင်ပြပြီးပြီ ကလန်က ဒီကိစ္စကို ဖြေရှင်းဖို့ လူတွေ လွှတ်လိုက်တယ် ဒီနေ့ခင်းမှာ သူတို့ ရောက်လာကြလိမ့်မယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Opowieści tętniące życiem. Odkryj je teraz