အပိုင်း ၂၀၄ (စာစဉ် ၁၄ အပိုင်း ၉)

794 80 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၄ (စာစဉ် ၁၄ အပိုင်း ၉)
ဉာဏ်ပညာပြိုင်ပွဲ

"မဟူရာအင်မော်တယ်ဂိုဏ်းက ဒီနေရာမှာ နတ်ဆိုးတွေ အများကြီး သတ်ခဲ့တယ် ဒါကြောင့် ဒီနေရာမှာ နတ်ဆိုးအငွေ့အသက်တွေ သိပ်သည်းနေတာ တမန်တော် ဒီမှာမနေတာ ပိုကောင်းမယ်"
သူနှင့် လိုက်ပါလာသော မဟူရာအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ၏ မျက်ဝန်းများသည် တောက်ပသွားပြီး သူ့လေသံက အတော်လေးတုန်နေ၏။
ချန်ချန်သည် တည်ငြိမ်စွာ ခေါင်းညိတ်ကာ ဆက်လက်ကြည့်မနေတော့သော်လည်း သူ့စိတ်ထဲတွင် မဟူရာအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်ကို အထင်မြင်သေးနေသည်။
'မဟူရာအင်မော်တယ်ဂိုဏ်းက ဒီလူတွေက တကယ့်ကို အရူးတွေပဲ သူတို့က သူတို့ကိုယ်သူတို့ ဖော်ပြလာတယ်'
သူတို့သည် ထိုနေရာကို ဖြတ်ကျော်သွားသော်လည်း ရေးကြီးခွင်ကျယ်ပြောလာခဲ့သည်။ ၎င်းက ထိုနေရာတွင် မသင်္ကာစရာတစ်ခုခုရှိကြောင်း သူ့ကို ပြောပြနေသလိုပင်။
'သူတို့သာ ငါ့လူတွေဆိုရင် ငါ သေချာပေါက် သင်ခန်းစာပေးပစ်မှာ' ချန်ချန် သက်ပြင်းချမိ၏။
တကယ်ဆို ဤလောကတွင် ထုံထိုင်းသော လူများစွာ ရှိပြီး ထိုသူများကို သူနှင့် နှိုင်းယှဉ်၍ မရချေ။

ဖူကွမ်မြို့ကို အချိန်အတော်ကြာ ပတ်ကြည့်ပြီးနောက် ချန်ချန် ပြန်လာခဲ့သည်။
သူ ဝမ်းသာမိသည်မှာ ဖူကွမ်မြို့ထဲရှိ ကျင့်ကြံသူများသည် ကိုယ်ကျင့်စရိုက်ကောင်းမွန်နေဆဲဖြစ်ပြီး လူသားများ ဖြစ်နေကြတုန်းပင်။
သို့သော်လည်း ထိုအကြောင်းကို တွေးပြီးနောက် သူ ထပ်မံစိုးရိမ်သွားပြန်၏။
မဟူရာအင်မော်တယ်ဂိုဏ်းသာ 'သွေးပူဇော်ခြင်း'၊ 'ဝိညာဉ်ဝါးမြိုခြင်း'တို့ ပြုလုပ်ခဲ့လျှင် ဖူကွမ်မြို့၏ ကျင့်ကြံသူများသည် စတေးခံများ ဖြစ်သွားကြပေမည်။

'ငါ ဒီဟာကို ဘယ်လို ကိုင်တွယ်ရမလဲ?'
ညအချိန်တွင် ချန်ချန်သည် ထိုကိစ္စကို စဉ်းစားနေကာ မိစ္ဆာနတ်ဆိုးလမ်းစဉ်နှင့် ပတ်သက်သည့် စာအုပ်များကို ‌ဖတ်ရှုနေချိန်တွင် ယွမ်ချင်းတန်သည် အပြင်သို့ သွားကာ သတင်းအချက်အလက်များ သွားရောက်ရှာဖွေနေသည်။
ထိုအချိန်တွင် ဆက်သွယ်ရေးအဆောင်တစ်ခုက လင်းလက်လာ၏။
"ချန်ချန် ချန်ယွမ်ဓားက ထုလုပ်ပြီးသွားပြီ အဲ့ဒါက ကျွန်မနဲ့ အရမ်းသင့်တော်တာပဲ ပြီးတော့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ကျွန်မ ရောက်သွားပြီ ဒါပေမယ့်...........ကျွန်မတို့ မတွေ့ရတာ အချိန်အတော်ကြာနေပြီ ပြီးတော့ ကျွန်မ ရှင့်ကို လွမ်းတယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Nơi câu chuyện tồn tại. Hãy khám phá bây giờ