အပိုင်း ၂၅၂ (စာစဉ် ၁၇ အပိုင်း ၁၂)

480 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၂ (စာစဉ် ၁၇ အပိုင်း ၁၂)
မင်း ကောင်းကောင်းပြုမူရင် အရာအားလုံးက အေးအေးဆေးဆေး ဖြစ်နေလိမ့်မယ်

ချန်ချန့်လက်ထဲမှ သွေးကို ကြည့်ရင်း လောင်ဟေး၏ မျက်ဝန်းများတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။
သူသည် သွေးမသောက်ရဲသည့် အိမ်မွေးဝက်တစ်ကောင်သာ ဖြစ်သည်။ သွေးသောက်ခြင်းမှာ သားရဲရိုင်းများ ပြုလုပ်သည့်အရာပင်။
၎င်းကို မြင်ပြီး ချန်ချန် သူ့ကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။ "မင်းရဲ့ ဘိုးဘေးတွေ စီနီယာတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်တောက်ပလာအောင် မင်း မလုပ်ချင်ဘူးလား? မင်းရဲ့ ဘိုးဘေးတွေက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ ဖြစ်မယ်လို့ ငါ ထင်တယ်"

၎င်းကို ကြားပြီး လောင်ဟေး ထိတ်လန့်သွားသည်။ ချန်ချန့်စရိုက်ကို သူ ကောင်းကောင်းနားလည်ပြီး ချန်ချန်သည် လိုအပ်လျှင် သူ့ကို လိမ်ညာမည်ဖြစ်ကြောင်း သူသိပေသည်။ ထို့အပြင် ချန်ချန်သည် သူ့ကို တစ်ချိန်လုံး လိမ်ညာနေ၏။

"မင်းရဲ့ ဘိုးဘေးတွေက သူတို့ရဲ့ အိပ်မက်ထဲမှာ ကျင့်ကြံကောင်း ကျင့်ကြံကြတာ ဖြစ်နိုင်တယ် အဲ့ဒီလိုဆို မင်း တစ်နေကုန် အိပ်နေလို့ရပြီ"
ချန်ချန့်မျက်နှာ တည်ကြည်သွားသည်။
ထိုစကားကြောင့် လောင်ဟေး၏ လည်ချောင်း အနည်းငယ်လှုပ်ရှားသွားပြီး သူ့မျက်ဝန်းများတွင် ‌ဆုံးဖြတ်ထားမှုဖြင့် ပြည့်နှက်နေသည်။
'နေ့တိုင်း အိပ်မယ်.......ဒါက တကယ့်ကို ဆွဲဆောင်နေတာပဲ"

"ငါ အဲ့ဒါကို စုပ်ယူရင်ရော ဘယ်လိုလဲ?" လောင်ဟေး မဝံ့မရဲဖြင့် မေးလိုက်သည်။
"ရတယ် ငါ အဲ့ဒါကို အတည်ပြုပြီးပြီ အဲ့ဒါက မင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ် ဒါကို လိုချင်ကြတဲ့ နတ်ဆိုးတွေမှ အများကြီးပဲ မင်းနဲ့ ငါက ဆွေမျိုးတွေလို ဖြစ်နေလို့သာ ငါ မင်းကို ပေးတာ ဒါပေမယ့် ဒီအကြောင်းကို ဟိုမြေခွေးမ ဟူရှင်းအာ မသိပါစေနဲ့"
ချန်ချန့်အမူအရာ လေးနက်သွားပြီး ဂရုတစိုက် ပြောလိုက်သည်။

လောင်ဟေး အလျင်အမြန် ခေါင်းညိတ်ပြီးနောက် သွေးကို မြိုချလိုက်တော့၏။
ခနအကြာတွင် လောင်ဟေး၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏ ခွန်အားသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး သူ့ခန္ဓာကိုယ်သွင်ပြင်သည်လည်း သိမ်မွေ့စွာ ပြောင်းလဲလာသည်။
သူ့နားရွက်များ ပိုကြီးလာပြီး သူ၏ အနက်ရောင်ဝက်အရေပြားသည် ရွှေနက်ရောင် ဖြစ်လာ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Où les histoires vivent. Découvrez maintenant