အပိုင်း ၂၅၃ (စာစဉ် ၁၇ အပိုင်း ၁၃)

464 64 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၃ (စာစဉ် ၁၇ အပိုင်း ၁၃)
အခြားသူများကို ကူညီရသဖြင့် ပီတိဖြစ်ခြင်း

ဟူရှင်းအာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမ စိတ်ထဲမထားချေ။
'သခင်က အရင်ကလို ကြီးစိုးလွှမ်းမိုးနိုင်တုန်းပဲ ချီသန့်စင်ခြင်းအဆင့်မှာပဲဖြစ်ဖြစ် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာပဲဖြစ်ဖြစ် အမြဲတမ်းပဲ ယုံကြည်ချက်ခိုင်မာနေတယ်'

"နားလည်ပါတယ်"
ဟူရှင်းအာ ရိုကျိုးစွာ ပြန်ဖြေလိုက်သည်။

"မင်း နားလည်တာ ကောင်းတယ် ကြက်သွေးရောင်မြေခွေး နတ်ဆိုးအင်ပါယာက ဘာမှမဟုတ်ဘူး သူ သေရင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မင်း သွားပြီးလက်ထပ်မှာလား? ငါ မင်းကို အပြစ်တင်နေတာမဟုတ်ဘူး ဒါပေမယ့် မင်းရဲ့ စိတ်ထားက မမှန်သေးဘူး မင်းတွေးနေတာတွေ အားလုံးက တခြားလူတွေကို ထိန်းချုပ်ဖို့ မင်းရဲ့ အလှအပကို သုံးပြီး မင်းလိုချင်တာကို ရယူဖို့ချည်းပဲ! အဲ့ဒါ ကောင်းတဲ့အရာမဟုတ်ဘူး! မင်း ငါနဲ့ ပထမဆုံးစတွေ့တုန်းက လုပ်ခဲ့သလိုပေါ့!"
ချန်ချန် တူကို ပြန်ကိုင်ကာ ဆက်လက်စားသောက်နေရင်း ဟူရှင်းအာကို သင်ကြားပေးနေ၏။

"ကျွန်မ အဲ့လိုမလုပ်ပါဘူး.....ပုံရိပ်ယောင်လှည့်စားမှုတစ်ခုကို ကျွန်မ သုံးခဲ့တာပါ" ဟူရှင်းအာ ညင်သာစွာ ရေရွတ်လိုက်သည်။
ချန်ချန် မျက်မှောင်ကြုတ်သွားသည်။ "လက်ရှိ ငါ ပြောနေတာ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ တွေးပုံခေါ်ပုံအကြောင်းပဲ ပုံရိပ်ယောင်လှည့်စားမှုတွေ မဟုတ်ဘူး မင်းက ပုံရိပ်ယောင်လှည့်စားမှုကို သုံးခဲ့တယ်ဆိုတာ ငါ မပြောနိုင်ဘူးလို့ မင်း ထင်နေတာလား? မင်းက တကယ့်ကို.....ရိုးအ,တာပဲ"
ဟူရှင်းအာ ပြောစရာစကားမဲ့သွားသည်။

"ကောင်းပြီ ငါ သွားရတော့မယ် ငါ ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး"
စားသောက်ပြီးနောက် ချန်ချန် ထရပ်ကာ ဟူရှင်းအာကို နှုတ်ဆက်ပြီး လှည့်ထွက်သွားတော့သည်။
ဘာမှမရှိတော့သော ပန်းကန်များကို ကြည့်ရင်း ဟူရှင်းအာ၏ မျက်ဝန်းများတွင် စိတ်ပျက်လက်ပျက်ဖြစ်မှုတို့ ပြည့်နှက်နေ၏။
တကယ်ဆို သူမ အလွန်ပင် စိတ်ရှုပ်ထွေးနေသည်။ လူသားများနှင့် နတ်ဆိုးများသည် ဆန့်ကျင်ဘက်များ ဖြစ်သည်ကို သူမ သိပေသည်။
နောက်ပိုင်းတွင် သူမ၏ သခင်သာ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ပစ်လျှင် သူမ ဘယ်နေရာသို့ သွားရမည်နည်း?
ထိုအတွေးဖြင့် သူမ ချန်ချန့်ကို အော်ခေါ်လိုက်သည်။ "သခင်!"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Nơi câu chuyện tồn tại. Hãy khám phá bây giờ