အပိုင်း ၂၁၆ (စာစဉ် ၁၅ အပိုင်း ၆)

626 76 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၆ (စာစဉ် ၁၅ အပိုင်း ၆)
ဒီလူက တော်တော်စိတ်ထားသေးသိမ်တာပဲ

ချန်ချန်က သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သောအခါ များစွာသော ရတနာများကို တွေ့လိုက်ရသည်။
စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကိုသာ ရေတွက်လျှင်ပင် ချန်ချန် ပိုင်ဆိုင်ထားသည်ထက် ပိုများနေ၏။
သို့သော်လည်း များစွာတန်ဖိုးရှိသော ရတနာ အနည်းငယ်သာ ရှိပြီး သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် သေချာရွေးချယ်ထားခြင်းပင်။
ထိုအရင်းအမြစ်များအပြင် စာတစ်စောင်လည်း ရှိနေသည်။
ထိုစာသည် စာကြောင်းတစ်ကြောင်းတည်းသာ ရှိသော်လည်း ထိုစာကို ဖတ်ပြီး ချန်ချန် တိတ်ဆိတ်သွားကာ ဘာပြောရမှန်း မသိတော့ပေ။

"ဟင်းလင်းပြင်ဝိညာဥ်ကလန်ရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်က ကျွမ်းကျင်သူတစ်ယောက်ကို သတိထားပါ"

ထိုစာကို ကြည့်ရင်း ချန်ချန်က ကျင်းဝမ်သည် သူ၏ သေဆုံးခြင်းအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ထိုစာကို သူ မြင်စေရန် ထားခဲ့ခြင်းဖြစ်မည်ဟု ကောက်ချက်ချမိသည်။ သူက အန္တရာယ်ကို နားလည်နေ၏။
'ဒီလူက သူ့ပြိုင်ဘက်ဟာ အစွမ်းထက်တယ်ဆိုတာကို နားလည်နေတယ် ဒါကြောင့် လက်ဦးမှုယူပြီး ဈာပနကို ပြုလုပ်ခဲ့တာ ဒါပေမယ့် ဒါက ဘာကို ဆိုလိုနေတာလဲ? သူက ဘာလို့ ဒီစာကို ထားခဲ့ရတာလဲ?'
ချန်ချန်သည် အချိန်‌အတော်ကြာ စဉ်းစားနေခဲ့သော်လည်း မည်သည်ကိုမျှ အဖြေမထုတ်နိုင်ချေ။
ထိုအကြောင်းအရာကို သူ့စိတ်ထဲတွင်သာ တေးမှတ်ထားလိုက်တော့သည်။
'ကျင်းဝမ်က ဘယ်သူ့ကို သတိထားရမယ်ဆိုတာ မသိခဲ့ဘူး ဆက်နွှယ်မှုတွေက ရေးရေးလေးပဲ ဖြစ်နေတယ်'
သို့သော်လည်း ထိုစာကြောင်းသည် အရေးကြီးအချက်အလက်တစ်ခုဟု သူ ခံစားမိသဖြင့် သတိထားရမည်ဟု သူ့ကိုယ်သူ သတိပေးမိ၏။

ကျင်းဝမ်သည် အလွန်ရိုးသားသူဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
'သူက ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာ သိပြီးတဲ့နောက် အရှုံးပေးပြီး ငါ့ကို ပစ္စည်းတွေအများကြီး ပေးခဲ့တယ် သူ သေပြီးတဲ့နောက် သူနဲ့ဆက်နွှယ်တဲ့ တစ်ယောက်ယောက်ကို လက်စားချေမှာစိုးလို့ ဟုတ်တယ်မလား?'
ဤလောကရှိ လူတိုင်းသည် လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ သူတို့ ဂရုစိုက်ကြသူများအပေါ် ခံစားချက်များ ရှိကြပေသည်။
သက်ပြင်းလေးချရင်း ချန်ချန့်မျက်ဝန်းထဲတွင် စိတ်ရှုပ်သည့် အရိပ်အယောင် ပေါ်လာ၏။
'လူတိုင်းမှာ သူတို့ရဲ့ ဆက်နွှယ်မှုတွေ ရှိနေကြတယ် ကမ္မကြိုး ချည်နှောင်မိတာနဲ့ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ပါ့မလဲ?'

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now