အပိုင်း ၂၄၉ (စာစဉ် ၁၇ အပိုင်း ၉)

466 65 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၉ (စာစဉ် ၁၇ အပိုင်း ၉)
ဟင်းလင်းပြင်ဝိညာဉ်ခန်းမ

တစ်ရက်ကြာပြီးနောက်

ထိုအချိန်မှသာ နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာ သေဆုံးသွားသည့် သတင်းကို ကြားသိလိုက်ရသည်။
သူ မစင်များစားလိုက်ရသလို အလွန်အမင်း မအီမသာဖြစ်နေသည်။
ထိုငတုံးကောင်ကြောင့် သူ အချိန်အတော်ကြာ တောင့်ခံနေခဲ့ရသော်လည်း ထိုကောင်က သေသွားလေပြီ........
ရိုးရိုးသားသားပြောရလျှင် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာကို သေရန် မျှော်လင့်ထားသော်လည်း မျိုးနွယ်နှစ်ခုကြားမှ စစ်ပွဲပြီးဆုံးသွားသည့်အခါမှပင်။
ထိုသတင်းကို သူ သိပြီးနောက် မကြာမီ နတ်ဆိုးနတ်ဘုရားခန်းမသည် သူ့ကို အပြစ်ဒဏ်ပေးလာခဲ့သည်။ ၎င်းက နှုတ်အားဖြင့် ပြစ်တင်ကြိမ်းမောင်းလာခဲ့သော်လည်း သူ အလွန်အမင်း စိတ်ပျက်နေတုန်းပင်။

"ဘာပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာကို ငါ အသက်ရှင်အောင် လုပ်ပေးရမယ်"

နတ်ဘုရား‌ဆီးနှင်းနတ်ဆိုးအင်ပါယာသည် အံကြိတ်ကာ သူ့စိတ်ကို ပြင်ဆင်လိုက်သည်။ 
ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာနှင့်ယှဉ်လျှင် ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာသည် ရင်ဆိုင်ရ ပိုလွယ်ကူပေသည်။
ခနကြာပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲရှိ ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် သက်ဆိုင်သော ဆက်သွယ်ရေးအဆောင်က လင်းလက်လာ၏။

"နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာ ကျုပ် ဒီမှာ အချိန်ဆက်မဖြုန်းချင်တော့ဘူး ပြီးတော့ ကျုပ်ရဲ့ကလန်လည်း ဖျက်ဆီးခံလိုက်ရပြီးတော့ ကျုပ် ပြန်သွားရမယ် နှုတ်ဆက်ပါတယ်"

နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် ထိုစာကို မြင်သောအခါ ချက်ချင်းပင် သူ့ကို အကြံဉာဏ်တစ်ချို့ ပေးလိုက်သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် ‌နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် သတိပြန်ဝင်လာသည်။
'ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာက ထွက်သွားတော့မယ် ချီနဲ့ဝေတိုင်းပြည်က စစ်မြေပြင်မှာ ဘာအတွက် တိုက်ခိုက်ရတော့မှာလဲ?"
'ဒီကျတ်တီးမြေအတွက် တိုက်ခိုက်ရမှာလား?'
၎င်းကို တွေးမိပြီး နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် တဖြည်းဖြည်းတိတ်ဆိတ်သွား၏။

ဆန့်ကျင်ဘက်အနေဖြင့် လူသားများဘက်တွင် အတော်လေးရွှင်ပျနေခဲ့ကြသည်။
လူသားမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲများသည် လူသားကျင့်ကြံသူများကို ဆုလာဘ်များပေးရန် တမန်တော်တစ်‌ယောက်ကို စေလွှတ်ခဲ့သည်။ ထိုဆုလာဘ်သည် ရတနာအပြည့်ဖြင့် သိုလှောင်လက်စွပ်နှစ်ကွင်းပင်။
တစ်ယောက်ချင်းစီအတွက် အနည်းငယ် ရရှိနိုင်သော်လည်း သူတို့အတွက် အချိန်အတော်ကြာထိ လုံလောက်ပေသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin