အပိုင်း ၂၀၇ (စာစဉ် ၁၄ အပိုင်း ၁၂)

629 73 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၇ (စာစဉ် ၁၄ အပိုင်း ၁၂)
ပိုက်ဆံရှိရင် မင်း ကြိုက်တာလုပ်နိုင်တယ်

သူ့ဆီမှ အမိန့်တစ်ခုသည် ဖူကွမ်မြို့တစ်မြို့လုံးကို ပရမ်းပတာဖြစ်သွားစေသည်။
ဖူကွမ်မြို့၏ ကျင့်ကြံသူများ စုဝေးနေကြသော နေရာတွင် အစီအရင်ကြီးတစ်ခုသည် ရုတ်တရက် ပေါ်လာပြီး လူတိုင်းကို ပိတ်လှောင်ထားတော့သည်။
ကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးစွာဖြင့် အချင်းချင်းကြည့်နေကြ၏။
အမှောင်ထဲတွင် ပုန်းကွယ်နေကြသော မဟူရာအင်မော်တယ်ဂိုဏ်းသားများသည် ထိုမြင်ကွင်းကို မြင်သောအခါ လှောင်ရယ်မိကြသည်။
'ဒီလူတွေက သေတော့မှာကို ဘာမှမသိကြသေးဘူး'

အခြားတစ်ဖက်တွင် စုလျန်းသည် မြို့ဘက်သို့ စိုးရိမ်တကြီး ကြည့်နေသည်။
ယနေ့တွင် တိုက်ပွဲသည် ရုန်းရင်းဆန်ခတ်ဖြစ်စေပြီး သူမခြံဝင်းထဲ‌တွင် ရှိနေသည့်တိုင် မြို့ပြင်ဘက်မှ ‌အသံများကို ကြားနေရသည်။

"ဂျူနီယာမောင်လေး မဟူရာအင်မော်တယ်ဂိုဏ်းက ဖူကွမ်မြို့ကို ကာကွယ်နိုင်မယ်လို့ နင်ထင်လား?" စုလျန်းသည် စိတ်အားငယ်စွာဖြင့် တိုးတိုးလေး မေးလာ၏။
ချန်ချန် ပြုံးယောင်ယောင်ဖြစ်သွားကာ ပြန်ဖြေမိသည်။ "စိတ်ချပါ ဒုတိယစီနီယာအစ်မ ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ"

သူ ထိုသို့ပြောလိုက်သည်နှင့် သီးခြားဝင်္ကပါသည်  ခြံဝင်းထက်တွင် ရုတ်တရက် တောက်ပလာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ စုလျန်း အနည်းငယ်အံ့အားသင့်သွားပြီး မကြာမီ ရုတ်တရက် သဘောပေါက်သွားသည်။
"မဟူရာအင်မော်တယ်ဂိုဏ်း‌က အရမ်းတွေးတတ်တာပဲ ငါတို့ကို ကာကွယ်ဖို့ အစီအရင်တစ်ခု ခင်းကျင်းပေးခဲ့တယ်"

"ကျွန်တော်တို့ကို ကာကွယ်ဖို့လား? အဟက်!"

ချန်ချန်သည် အထင်မြင်သေးစွာ လှောင်ရယ်ပြီးသောအခါ မဟူရာအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူငါးယောက်သည် နံရံများပေါ်မှ ခုန်ထွက်လာပြီး သူနှင့် စုလျန်းကို ဝန်းရံထားလိုက်ကြ၏။
သူတို့ငါးယောက်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြပြီး စားပွဲသောက်ပွဲတွင် ချန်ချန်၊ စုလျန်းနှင့် အတူသောက်ခဲ့သူများ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ပြုံးမနေကြတော့ဘဲ သူတို့မျက်ဝန်းများသည် အေးစက်နေကြကာ လူသတ်လိုစိတ်ဖြင့် ပြည့်နှက်နေကြသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now