အပိုင်း ၂၅၄ (စာစဉ် ၁၇ အပိုင်း ၁၄)

490 64 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၄ (စာစဉ် ၁၇ အပိုင်း ၁၄)
မယုံနိုင်ဖွယ်နတ်ဘုရားဆေးလုံး

လိုအပ်သော စီစဉ်မှုများကို ပြုလုပ်ပြီးနောက် ချန်ချန် အလွန်အမင်း သက်သောင့်သက်သာ ဖြစ်သွားသည်။
သူ စိတ်ဝိညာဥ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်ရှိပြီး လူအိုကြီးကျိုးသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ကာ ရှောက်ဝူယိုနှင့် ဟူရှင်းအာတို့လည်း စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်သွားလျှင် လောင်ဟေးသည် ‌လာဘ်ကောင်လေးသာ ဖြစ်သည့်တိုင် အစွမ်းထက်နောက်လိုက်များ ရလာပေမည်။
အချိန်ကျလာပြီး သူတို့ အတူတူတိုက်ခိုက်လျှင် စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ ရှိသည့် မဟာကလန်ကြီးလေးခုနှင့် အင်ပါယာလေးခုမှလွဲ၍ မည်သည့်ကလန်၊ အဖွဲ့အစည်းမျှ သူ့ထက် သန်မာခြင်းမရှိတော့ချေ။
ထို့အပြင် သူတို့အတွက် အရင်းအမြစ် ထောက်ပံ့ပေးမည့် အဆုံးမဲ့ပင်လယ်လည်း ရှိနေ၏။
ချန်ချန် အသက်ပြင်းပြင်းရှူကာ သူ့မျက်ဝန်းများတွင် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
သူ၏ ဦးဆောင်မှုအောက်တွင် အင်အားစုကြီးတစ်ခုသည် တဖြည်းဖြည်း မြင့်တက်လာမည်ကို သူ ကြိုမြင်နေရသည်။

"ငါ့လို လူတွေကို ကြိုးကိုင်ခြယ်လှယ်သူလို့ ခေါ်သင့်တယ်မလား? ကံမကောင်းချင်တေယ့ ငါ့ကိုယ်ငါ တခြားလူတစ်ယောက်အနေနဲ့ ကြည့်လို့မရတာပဲ မဟုတ်ရင် ငါလည်း အံ့အားသင့်မိလိမ့်မယ်"

ချန်ချန် တိတ်တဆိတ် ဘဝင်မြင့်နေပြီး ထိုအကြောင်းကို ခနတာတွေးနေပြီးနောက် ချစ်ရသူတာအိုလက်တွဲဖော် ရှရှီယွမ်ကို သူ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောပြလိုက်သည်။
ထိုသို့ ပြောပြရသည့် အကြောင်းရင်းမှာ သူ့ယခင်ဘဝရှိ ဖန်တစ်ရာထပ်ခါထပ်ခါ ဖတ်ဖူးသော ပုံပြင်ဇာတ်လမ်းများကို သတိရသွားသောကြောင့်ပင်။
အထက်တန်းကျောင်းသူကျောင်းသား စုံတွဲတစ်တွဲသည် ကော်လိပ်အတူတူတက်ကြရန် သဘောတူထားပြီး ယောက်ျားလေးသည် နံပါတ်တစ်ကျောင်းသား ဖြစ်နေချိန်တွင် မိန်းကလေးသည် စာမတော်ချေ။ ဝင်ခွင့်စာမေးပွဲဖြေရာတွင် နောက်ဆုံးမေးခွန်းသုံးခုကို သူ မဖြေခဲ့ချေ။ အဆုံးတွင် ယောက်ျားလေးသည် မိန်းကလေးကို လှည့်စားသလို ဖြစ်သွားပြီး သူမသည် ပြည်ပနိုင်ငံသို့ ထွက်သွားတော့၏။
ရှရှီယွမ် ထိုကဲ့သို့ ဖြစ်သွားမည်ကို သူ မလိုလားချေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Opowieści tętniące życiem. Odkryj je teraz