အပိုင်း ၂၆၇ (စာစဉ် ၁၈ အပိုင်း ၁၂)

290 19 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၇ (စာစဉ် ၁၈ အပိုင်း ၁၂)
လက်စားချေခြင်း

၎င်းကို ကြားပြီး ချန်ချန့်မျက်နှာ သုန်မှုန်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်သွားတော့၏။
'သူက ဘယ်လိုဆရာမျိုးလဲ? မယုံနိုင်စရာပဲ'
'ကောင်းကင်က ရတနာတွေ ယူခြင်းဟာ ထိခိုက်နစ်နာမှုတွေ ရှိလို့ ပြစ်မှုတစ်ခုလို့ သတ်မှတ်ထားတယ်'
မည်သူမျှ ထိုရတနာများကို ရှာမတွေ့လျှင် သူတို့၏ တန်ဖိုးများ ထွက်ပေါ်လာမည်မဟုတ်ချေ။
ထိုသို့ဖြစ်လျှင် မည်သူမျှ ၎င်းတို့ကို အကောင်းဆုံး အသုံးမပြုနိုင်ချေ။
ချန်ချန် လမ်းလျှောက်နေစဥ် အသက်ပြင်းပြင်းရှူကာ ကပ်ဘေးသုတ်သင်စည်းတံဆိပ်ရှိနေသော သူ့လက်ကို ကြည့်ကာ အကြင်နာကင်းမဲ့ရန် ဆုံးဖြတ်လိုက်သည်။
"ချီးထုပ်ကောင်းကင်ရေ မင်း‌ စောင့်နေလိုက် ငါ့ကျင့်ကြံမှုကို မင်းထက် သာလွန်မသွားအောင် လုပ်ရင် ပိုကောင်းမယ် မဟုတ်ရင်တော့ ငါ မင်းကို သေချာပေါက် ရိုက်နှက်ပစ်မှာ"

စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသော ချန်ချန်၏ နောက်ကျောကို ကြည့်ရင်း ယုချုံ ချန်ချန့်ကို လှမ်းပြောလိုက်သည်။ "လဝက်အတွင်း ကျောက်စိမ်းဆေးမီးဖိုကလန်က အနောက်ဘက်နယ်စပ်ကို ဆေးလုံးတစ်သုတ် ပို့ပေးလိမ့်မယ် သူတို့ သွားပို့တဲ့အခါ နင် သူတို့နဲ့ လိုက်သွားလို့ရတယ်"
"အနောက်ဘက်နယ်စပ်ကို ရောက်ရင် နင် ပြန်လာမလား နေခဲ့မလား ကိုယ့်ဘာသာဆုံးဖြတ်ပါ ဟောင်ရန်ဓားကလန်က ငြင်းပယ်ဝံ့ရင် ငါတို့က ဆေးလုံးတွေကို ဗန်းပြပြီး သူတို့ကို သင်ခန်းစာပေးရလိမ့်မယ်"

ယုချုံ၏ လေသံသည် အလွန်အမင်း တည်ငြိမ်နေပြီး ပုံမှန်အတိုင်းပင်။ အခြားသူများကို ခြိမ်းခြောက်ရန် အေးဆေးတည်ငြိမ်စွာဖြင့် ပွင့်ပွင့်လင်းလင်း ပြောလာသည်ကို ချန်ချန် ပထမဆုံးကြားဖူးခြင်းပင်။
သို့သော်လည်း သူမဆီမှ စိုးရိမ်မှုအရိပ်ယောင်ကို သူ ခံစားမိသည်။
သူ့ခေါင်းကို ခါရင်း ချန်ချန် ရယ်မောကာ ထွက်ခွာသွားတော့၏။

သုံးရက်ကြာပြီးနောက်

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Kde žijí příběhy. Začni objevovat