အပိုင်း ၂၉၈ (စာစဉ် ၂၀ အပိုင်း ၁၃)

229 17 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၈ (စာစဉ် ၂၀ အပိုင်း ၁၃)
တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါ့ကိုယ်ငါ ပြန်ကယ်မိတာပဲ

"ငါ ချန်ချန့်ကို ဝူဖုန်းမြို့ဆီ ပြန်လာခိုင်းထားတယ်"
အနောက်ဘက်နယ်စပ်ရှိ တစ်နေရာတွင် အညိုရောင်ဆံပင်များနှင့် ဟင်းလင်ပြင်ဝိညာဥ်ကလန်၏ အကြီးအကဲ ဝူလင်းသည် ရုတ်တရက်ပင် စာတစ်စောင်ကို ရရှိလာသည်။
ထိုစာကို မြင်သောအခါ ဝူလင်း ခနတာတိတ်ဆိတ်နေပြီးနောက် ပြန်မေးလိုက်သည်။ "အဖွဲ့အစည်းခေါင်းဆောင် ဒါဆို ကျုပ် ဘာလုပ်ရမှာလဲ? ဝူဖုန်းမြို့ကို ထွက်ပြေးရမှာလား? အခု ကျုပ်ရဲ့ အခြေအနေက ကောင်းမွန်မနေဘူး ကျုပ် ချန်ချန့်ကို မဖမ်းနိုင်ဘဲ ဓားစာခံမလုပ်နိုင်ရင် လူသားနယ်မြေကနေ လွတ်မြောက်ဖို့ ကျုပ်အတွက် မဖြစ်နိုင်ဘူး"

"မင်း ဘာမှလုပ်စရာမလိုဘူး လူသားနယ်မြေအစပ်မှာပဲ နောက်ထပ်နှစ်ရက်လောက် ဆက်နေလိုက် ချန်ချန်က အရမ်းကောက်ကျစ်ပြီး လူသားမျိုးနွယ်ကို အရမ်းသစ္စာရှိတယ် ငါသာ မမှားရင် အခုအချိန် သူ ဝူဖုန်းမြို့မှာ ရှိမှာမဟုတ်ဘူး ဖြစ်နိုင်တာက လူသားမျိုးနွယ်ရဲ့ အထက်ပိုင်းအကြီးအကဲတွေကို အရိပ်အမြွက်ပေးပြီး မင်းကို နှောင့်နှေးအောင် လုပ်ဖို့ ဒါမှမဟုတ် ဝူဖုန်းမြို့နားမှာ ခြုံခိုတိုက်ခိုက်ဖို့တောင် တောင်းဆိုကောင်း တောင်းဆိုထားလိမ့်မယ်
"ဒီတော့ နှစ်ရက်ကြာရင် အကာအကွယ်အားအနည်းဆုံးဖြစ်တဲ့ ဝူဖုန်းမြို့ရဲ့ ဆန့်ကျင်ဘက်ကို တိုက်ရိုက်ပျံသန်းသွားလိုက်ပါ အဲ့ဒီမှာ ငါ မင်းကို လာတွေ့မယ်"

ထိုစာကို မြင်ပြီး ဝူလင်းသည် ချန်ချန့်ကို မကျေမနပ်ဖြစ်သွားကာ မနေနိုင်ဘဲ ‌ပြန်မေးမိ၏။ "အဖွဲ့အစည်းခေါင်းဆောင် ချန်ချန်က အားကိုးလို့ မရဘဲ ကောင်းကင်မိစ္ဆာအဖွဲ့အစည်းကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားတာတောင် ဘာလို့ သူ့ကို သည်းခံနေရတာလဲ?"

"ငါ သူ့ကို အသုံးချစရာနေရာတွေ ရှိနေတုန်းပဲ ကျန်တာတွေကို မင်း သိစရာမလိုဘူး"

"ဟုတ်ကဲ့ပါ အဖွဲ့အစည်းခေါင်းဆောင်! ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကိုယ်တိုင် ဖြေရှင်းမှာဆိုရင် ကျုပ် စိတ်အေးရပါပြီ"

နတ်ဆိုးနယ်စပ်ရှိ အလွန်ဝေးသော နေရာတစ်ခုတွင် ရှိနေသော ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် လှောင်ပြုံးပြုံးလိုက်သည်။
ယခင်တစ်ခေါက်က မြောက်ဘက်နယ်စပ်တွင် ချန်ချန် ထိုစကားများကို ပြောခဲ့စဉ်ကတည်းက ချန်ချန်သည် လူသားမျိုးနွယ်ကို သစ္စာဖောက်မည်မဟုတ်ကြောင်း သူမ သိပေသည်။
'ဒီတစ်ကြိမ် ငါ သူ့ကို အရေးကြီးကိစ္စတစ်ခု ပြောခဲ့တာတောင် သူ ဘာလှည့်ကွက်မှ မလုပ်ထားရင် ဝက်တွေ ကောင်းကင်ပေါ် ပျံနိုင်လိမ့်မယ်!'
၎င်းကို သူမ သတိထားမိသဖြင့် ချန်ချန့်ကို သူ ဖိအားပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ချန်ချန်က လူသားမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲများကို သတင်းအမှားများ ပေးလိုက်သရွေ့ ဝူလင်းအတွက် ထွက်ပြေးလွတ်မြောက်နိုင်ခြေ ပိုမိုတိုးပွားလာပေလိမ့်မည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now