အပိုင်း ၂၄၁ (စာစဉ် ၁၇ အပိုင်း ၁)

537 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၁ (စာစဉ် ၁၇ အပိုင်း ၁)
ကယ်တင်ရန်

"မင်းတို့ တိုက်ခိုက်တဲ့အခါ လိုအပ်ရင် နောက်ပြန်ဆုတ်ပါ သိပ်မကြာခင် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာလည်း ပြန်ဆုတ်သွားလိမ့်မယ်"

စာက အလွန်ရိုးရှင်းသော်လည်း ကျန်းဂျိ၏ နှလုံးသား အပြင်းအထန် တုန်ခါသွား၏။
နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် သူ့စခန်းဆီမှ ထွက်ခွာပြီး ညဘက်တွင် လာရောက်တိုက်ခိုက်နေသည်။ ထိုနေရာတွင် နတ်ဆိုးတစ်ချို့သာ ကျန်ခဲ့လျှင်ပင် အရေးမပါသည့် နတ်ဆိုးတစ်ချို့သာ ကျန်ခဲ့ပေလိမ့်မည်။
စာထဲတွင် ချန်ချန်က နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် သိပ်မကြာခင် ပြန်ဆုတ်သွားမည်ဟု ရေးထားသည်။
ထို့ကြောင့် ချန်ချန်သည် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာ၏ စခန်းဆီသို့ သွားနေခြင်းမဟုတ်ကြောင်း သူ သေချာပေသည်။
'သူ ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာ ဒါမှမဟုတ် ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာကို သွားရှာနေတာလား?'

ကျန်းဂျိ အပြင်းအထန် တုန်ယင်သွားသည်။
ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာနှင့် ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာတို့သည် တိုက်ပွဲကွင်းပြင်‌တွင် ပေါ်လာခဲသည်။ သူတို့သည် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာနှင့် စခန်းချနေခြင်း မဟုတ်ချေ။
သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်၏ ခန့်မှန်းချက်အရ ထိုနတ်ဆိုးအင်ပါယာနှစ်ယောက်၏ စခန်းသည် နတ်ဘုရားဆီးနှင့်နတ်ဆိုးအင်ပါယာ၏ စခန်းနောက်တွင် ရှိပေလိမ့်မည်။
ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာနှင့် ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာတို့ကို ဘာမှမလုပ်နိုင်ခင် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာကို ဖြတ်ကျော်ရပေမည်။ 
ယခု နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာက ညတွင် တိုက်ခိုက်လာသဖြင့် ချန်ချန့်အတွက် သူတို့၏ စခန်းကို ဖြတ်ကျော်သွားရန် မခက်ခဲကြောင်း ကျန်းဂျိ ခန့်မှန်းမိ၏။
သို‌့သော်လည်း ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာတို့သည် သာမန်နတ်ဆိုးအင်ပါယာများ မဟုတ်ချေ။ သူတို့သည် လူသားများစွာကို သတ်ဖြတ်ခဲ့သည့် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အလယ်ဆင့်သို့ ရောက်ရှိနေသော အညှာတာမဲ့နတ်ဆိုးများ ဖြစ်ကြသည်။ သူတို့၏ သွေးမျိုးဆက် မြင့်တက်သွားပြီးနောက် သူတို့၏ ခွန်အားသည်လည်း များစွာ တိုးတက်လာခဲ့သည်။
သူတို့သည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအလယ်ဆင့်တွင် ထင်ရှားကျော်ကြားသော ကျွမ်းကျင်သူများဟု ဆိုနိုင်၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora