အပိုင်း ၃၀၀ (စာစဉ် ၂၀ အပိုင်း ၁၅)

446 27 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၃၀၀ (စာစဉ် ၂၀ အပိုင်း ၁၅)
ငါ မသွားရင် ဘယ်သူက သွားမှာလဲ?

ခုနစ်ရက်ကြာပြီးနောက်
ချန်ချန် ဝူဖုန်းမြို့‌နံရံပေါ်တွင် လဲလျောင်းနေပြီး ကောင်းကင်ကို ကြည့်နေ၏။
တူနှစ်ကိုယ်ကျင့်ကြံခြင်းသည် အတော်လေး အကျိုးရှိသည့် နည်းလမ်းဖြစ်သည်ကို သူ ဝန်ခံရပေမည်။ ချန်ချန့်အမြင်တွင် ၎င်းသည် ရတနာများကို စားသုံးပြီး ကျင့်ကြံသည့် နည်းလမ်းပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်။
သို့သော်လည်း လိုအပ်ချက်မှာ ကျင့်ကြံသူနှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး လုံးဝယုံကြည်ရမည်ဖြစ်ပြီး ကျင့်ကြံခြင်းနည်းစနစ်များ၏ ဓာတ်သဘာဝများ ကိုက်ညီရပေမည်။
၎င်းက ချန်ချန်နှင့် ရှရှီယွမ်အတွက် ပြဿနာတစ်ခု မဟုတ်ပေ။
တကယ်ဆို အမျိုးသားကျင့်ကြံသူနှစ်‌ယောက်ကလည်း တူနှစ်ကိုယ်ကျင့်ကြံခြင်းကို လေ့ကျင့်နိုင်သော်လည်း ၎င်းသည် ကိုးရိုးကားယားနိုင်ပြီး အလွယ်တကူ ကပေါက်တိကပေါက်ချာ ဖြစ်သွားနိုင်၏။

"ဟီးဟီး......"
ချန်ချန် ထိုအကြောင်းများကို တွေးမိပြီး မနေနိုင်ဘဲ ရယ်မောနေမိသည်။
ခုနစ်ရက်အတွင်း တူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့် ရတနာများကြောင့် သူ၏ ကျင့်ကြံမှုသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အစောပိုင်း အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားသည်။ ယခု သူသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အလယ်ဆင့်သို့‌ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော်လည်း ရှရှီယွမ်သည် သိပ်မကြာခင်ကမှ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်ရှိထားသဖြင့် သူနှင့် ကွာဟနေဆဲပင်။

"ရှင် ဘာကို ရယ်နေတာလဲ?"
ချန်ချန် အဝေးမှ အသံတစ်ခုကို ကြားပြီး ရုတ်တရက် ထထိုင်ကာ ရှရှီယွမ်ကို ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး ငါတို့ရဲ့ ကလေးက ဘယ်လိုပါရမီရှင်မျိုး ဖြစ်မယ်ဆိုတာကို တွေးနေတာပါ ငါတို့ကလေးက ငါ့ထက် နိမ့်ကျမှာတော့ မဟုတ်ဘူး"
ချန်ချန် ပြုံးကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ရှရှီယွမ်သည် နားယဉ်နေပြီဖြစ်ကာ ချန်ချန့်ကို မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မတို့လို့ ကျင့်ကြံသူတွေက ကလေးတစ်‌ယောက်ရဖို့ အရမ်းခက်ခဲပါတယ် ကျွန်မတို့ ကလေးတစ်‌ယောက်ရဖို့ နှစ်နည်းနည်းလောက် ကြာရင်တောင် မထူးဆန်းပါဘူး အခု မျိုးနွယ်နှစ်ခုကြားမှ စစ်ပွဲ‌ဖြစ်နေတယ် ကျွန်မမှာ ကိုယ်ဝန်ဆောင်ဖို့ အချိန်မရှိပါဘူး........."

Você leu todos os capítulos publicados.

⏰ Última atualização: Jul 26, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Onde histórias criam vida. Descubra agora