အပိုင်း ၂၂၇ (စာစဉ် ၁၆ အပိုင်း ၂)

544 64 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၇ (စာစဉ် ၁၆ အပိုင်း ၂)
အဆုံးမဲ့ပင်လယ်

ယွမ်ချင်းတန်က ပဲစိမ်းလေးကို ယူလာရင်း စိတ်လှုပ်ရှားနေမိသည်။
'စီနီယာအကိုက ဘာလို့ ပဲစိမ်းလေးကို လိုအပ်နေတာလဲ? သေချာပေါက် ခိုးဖို့အတွက်ပေါ့....မဟုတ်ဘူး တစ်ခုခုကို ယူဖို့အတွက်ပေါ့ ဒီတစ်ခေါက် သူ့ပစ်မှတ်က ဘယ်နေရာလဲဆိုတာ ငါ သိချင်လိုက်တာ'
ပျံသန်းနေစဉ် ယွမ်ချင်းတန်သည် ယခုတစ်ကြိမ် ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပြီး စီနီယာအကို၏ အထင်ကြီးမှုကို ရရှိစေရန် ဆုံးဖြတ်ထား၏။

ထိုကျန်းဂျိက သူ့ကို ဖိအား‌များ ပေးနေသည်။
ကျန်းဂျိ၏ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံမှုသည် သူ့ထက် ပိုမြင့်ပြီး သေခြင်းခုနစ်ပါးမိစ္ဆာကလန်၏ တပည့်တစ်ယောက်ဖြစ်ကာ သူ့ထက် နောက်ခံအင်အား ပိုသန်မာနေသည်။
'အရင်တစ်ခေါက် ကျန်းဂျိက စီနီယာအကို ယောင်ဆောင်ပြီး သူ့ကို ကာကွယ်ပေးခဲ့တယ် ငါ့စီနီယာအကိုက သူ့ကို ပိုနှစ်သက်နေမှာပဲ'

'ငါ ကြိုးကြိုးစားစားလုပ်ရမယ်'

လမ်းတစ်လျှောက်တွင် သူ လျှို့လျှို့ဝှက်ဝှက် လုပ်နေခဲ့ပြီး မည်သည့်မှားယွင်းမှုမျှ မရှိခဲ့ချေ။ ယွမ်ချင်းတန် ကျောက်စိမ်းဆေးမီးဖိုကလန်သို့ ရောက်သောအခါ ချန်ချန့်ကို သွားတွေ့လိုက်သည်။
"စီနီယာအကို ကျွန်တော် ပဲစိမ်းလေးကို ခေါ်လာခဲ့ပြီ အခု ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ?"
ယွမ်ချင်းတန်က အပူပင်မဲ့အင်မော်တယ်နန်းတော်ကို ချန်ချန့်လက်ထဲသို့ ထည့်ကာ သူ့မျက်ဝန်းများတွင် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေ၏။

ချန်ချန် သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီတစ်ခေါက် ငါတစ်ယောက်တည်း သွားမှာ ကျောက်စိမ်းဆေးမီးဖိုကလန်မှာ နေပြီး ကောင်းကောင်းကျင့်ကြံပါ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ဖို့ တတ်နိုင်သမျှ ကြိုးစားပါ"

သူ့စကားကို ကြာ‌းသောအခါ ယွမ်ချင်းတန်၏ အမူအရာ အေးခဲသွားပြီး ကြက်သေသေသွားသည်မှာ တိုက်ခိုက်မှုကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသလိုပင်။
'စီနီယာအကိုက ငါ့ကို ခေါ်မသွားတော့ဘူး.......'

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now