အပိုင်း ၂၀၈ (စာစဉ် ၁၄ အပိုင်း ၁၃)

635 64 3
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၈ (စာစဉ် ၁၄ အပိုင်း ၁၃)
လျှို့ဝှက်တိုက်ပွဲ

အနက်ရောင်တိမ်တိုက်အောက် မြေအောက်ခန်းထဲတွင်

လူအိုကြီး၏ မျက်နှာသည် ဖြူဖျော့သွားကာ ပြန်လည်နီမြန်းသွားသည်။ သူ့အမူအရာက ပြောင်းလဲနေ၏။
မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ သို့သော်.......

ထိုအရေးကြီးအချိန်တွင် သူ့လို စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် တကယ်ကို အညစ်အကြေးစွန့်ချင်နေသည်။
'ငါ အီးပါချင်နေတယ်!'

'ငါ အဲ့လိုလုပ်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ?'

သို့သော်လည်း အညစ်အကြေးစွန့်လိုစိတ်သည် အိပ်မက်မဟုတ်ကြောင်း သူ့ကို သတိပေးနေသည်။
စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံး၏ အကျိုးသက်ရောက်မှုသည် သူ့စိတ်ကို လုံးဝ ဗလာဖြစ်သွားစေပြီး အတွေးမများစေသောကြောင့် တကယ်ပင် ကောင်းမွန်သည်ဟု ဝန်ခံရပေမည်။ သူ ဖြစ်ချင်နေသည်မှာ အညစ်အကြေးစွန့်လိုခြင်းပင်။

"သေစမ်း!" လူအိုကြီးသည် ဆဲဆိုမိသည်။
ထိုအချိန်တွင် သူ အဆင့်ချိုးဖျက်မည့် အရေးကြီးအချိန်ဖြစ်နေပြီး သူ တစ်လက်မမှ လှုပ်ရှား၍ မရချေ။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိဘဲ သူ့အာရုံကို ခွဲကာ ထိုဆန္ဒကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။
သို့သော်လည်း နတ်ဆိုးကျင့်ကြံသူများ၏ အဆင့်ချိုးဖျက်မှုတိုင်းသည် အန္တရာယ်အပြည့်ပင်။ သူ့အာရုံကို ခွဲပြီး ထိုသို့ ပြုလုပ်ရန် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း?
သို့သော်လည်း သူ၏ အညစ်ကြေးစွန့်လိုစိတ်သည် ပိုပို၍ ပြင်းထန်လာပြီး သူ ရွေးချယ်စရာမရှိဘဲ ဖိနှိပ်လိုက်ရတော့သည်။
တိမ်တိုက်များ လည်ပတ်နေရာမှ ရပ်တန့်သွားကာ မှုန်ဝါးလာသည့် အရိပ်အယောင်ပြလာသည်ကို မြင်ပြီး လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားကာ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
သူ့အမူအရာသည် တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်သွားပြန်၏။
၎င်းသည် သူ ရင်ဆိုင်ရမည့် ကပ်ဘေးဖြစ်သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now