အပိုင်း ၂၀၂ (စာစဉ် ၁၄ အပိုင်း ၇)

839 69 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၂ (စာစဉ် ၁၄ အပိုင်း ၇)

မြောက်ဘက်နယ်စပ်တွင် သူ မြို့၁၆ကို စောင့်ကြပ်ခဲ့စဉ်က ရှေးဟောင်းစစ်မြေပြင်တွင် ပစ္စည်းမျ သွားရောက်ရှာဖွေပြီး ပြန်လာချိန် လမ်းတစ်ဝက်တွင် နတ်ဆိုးတစ်ပိုင်းလူတစ်ယောက်က သူ့ကို လုယက်ခဲ့သည်။
ထိုသူ့ကို သတ်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲတွင် မဟူရာအင်မော်တယ်ဂိုဏ်းမှ တံဆိပ်ပြားတစ်ခုကို သူ တွေ့ခဲ့သည်။
နတ်ဆိုးတစ်ပိုင်း၏ ကျင့်ကြံခြင်းအဆင့်သည် သိပ်ပြီးမနိမ့်ကျသော်လည်း မဟူရာအင်မော်တယ်ဂိုဏ်းဆီမှ မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။
ချန်ချန်က စိတ်မသိုးမသန့်ဖြစ်နေခဲ့၏။
သို့သော်လည်း ဒုတိယကာကွယ်ရေးစည်း ပြိုကျသွားပြီး စစ်မြေပြင်သည် လူသားပိုင်းနက်ထဲသို့ ပြောင်းရွေ့သွားမှုကြောင့် ထိုမဟူရာအင်မော်တယ်ဂိုဏ်းကို သူ အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။
ယခုတွင် မဟူရာအင်မော်တယ်ဂိုဏ်းအကြောင်းကို သူ ထပ်ကြားရမည်ဟု ထင်မထားခဲ့ပေ။

'ငါ ဆရာ့ကို ဒီအကြောင်း ပြောပြရမယ်' ချန်ချန်သည် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ထိုနေရာတွင် မသင်္ကာစရာတစ်ခုခုရှိနေကောင်း ရှိနေနိုင်သည်ကို ရှင်းရှင်းလင်းလင်း သိထားသောကြောင့် သူ ခြေဦးတည့်ရာ လျှောက်သွား၍ မဖြစ်ချေ။
တကယ်ဆို သူ ကြောက်ရွံ့နေခြင်းမဟုတ်သော်လည်း သူ့စီနီယာအစ်ကိုနှင့် အစ်မတို့ ဘာဖြစ်သွားမည်ကို သူ မသေချာပေ။

ယုဟိုနှင့် စုလျန်းတို့သည် ခရီးသွားဖို့ ပြင်ဆင်ရန် ပြန်သွားကြပြီး အခြားခြောက်ယောက်ကလည်း ထွက်သွားကြပြီးနောက် ချန်ချန်သည် ယုချုံနှင့် စကားပြောရန် အခွင့်အရေးရလေပြီ။

"နင် ပြောစရာတစ်ခုခုရှိရင် တည့်တိုးသာ ပြောလိုက်ပါ" ချန်ချန်က စကားပြောရန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ယုချုံက ပြောလိုက်သည်။
ချန်ချန်လည်း တုံ့ဆိုင်းမနေတော့ဘဲ ထိုနေ့က ဖြစ်ပျက်သမျှနှင့် သူ့စိတ်ထဲမှ သံသယများကိုပါ ချက်ချင်း ပြောပြလိုက်၏။
ထိုမျှပင် မဟုတ်ပေ။ သူ့သိုလှောင်လက်စွပ်ထဲမှ မဟူရာအင်မော်တယ်ဂိုဏ်း၏ တံဆိပ်ပြားကိုပင် ထုတ်ယူပြီး သူ လိမ်ညာနေခြင်းမဟုတ်ကြောင်း သက်သေပြလိုက်သည်။
ထိုတံဆိပ်ပြားကို မြင်ပြီး ယုချုံသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလာ၏။ "အရှေ့ဘက်နယ်စပ်ကို ရောက်လာပြီးတဲ့နောက်မှာ မဟူရာအင်မော်တယ်ဂိုဏ်းဟာ နိုင်ပွဲတွေအများကြီး ရရှိခဲ့ပြီး မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ သတ်ခဲ့ပြီးတော့ ကျောက်စိမ်းဆေးမီးဖိုကလန်ကို နတ်ဆိုးအမြုတေအများကြီးကိုတောင် အပ်နှံခဲ့တယ် အဲ့လိုမဟုတ်ရင် ကျောက်စိမ်းဆေးမီးဖိုကလန်ကမဟူရာအင်မော်တယ်ဂိုဏ်းကို ဆေးပညာရှင်တွေ စေလွှတ်မှာမဟုတ်ဘူး အဲ့လိုကလန်တစ်ခုက နတ်ဆိုးတွေနဲ့ ဆက်သွယ်မှုရှိတယ်လို့ နင် သံသယရှိနေတာလား?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now