အပိုင်း ၂၆၃ (စာစဉ် ၁၈ အပိုင်း ၈)

276 24 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၃ (စာစဉ် ၁၈ အပိုင်း ၈)
ဝံပုလွေကို စားရန် ကျားကို တွန်းအားပေးခြင်း

ခနတာတွေးတောပြီးနောက် မျက်နှာချင်းဆိုင်ဖြေရှင်းလျှင် ပိုကောင်းမည် ခံစားမိသဖြင့် ချန်ချန် ထိုလေလွင့်ကျင့်ကြံသူကို သယ်လာခဲ့သည်။
သူ ပထမဆုံးနေခဲ့သော မြို့သို့ ပြန်ရောက်သောအခါ နန်ပင်းဟိုင်သည် အခြားလှေပိုင်ရှင်မျိုးနှင့် လှေပိုင်ရှင်ကျောက်ကို ခေါ်လာခဲ့သည်။
လေလွင့်ကျင့်ကြံသူသည် နတ်ဘုရားအာရုံ၏ စွမ်းအားအောက်တွင် မလိမ်ညာနိုင်သော်လည်း လူအချို့သည် အမှန်တရားကို မပြောနိုင်ချေ။
၎င်းကို သူ သတိပြုမိပေသည်။
ဥပမာအားဖြင့် ကောင်းကင်သည် သူ့ကို လူယုတ်မာအဖြစ် ဆက်ဆံသော်လည်း လက်တွေ့တွင် ဆန့်ကျင်ဘက်ပင်။

"တမန်တော် ဒီကိစ္စဟာ ကျွန်‌တော်တို့ လူတွေထဲက တစ်ယောက်ယောက်ရဲ့ လက်‌ချက်မဟုတ်တာ သေချာပါတယ် ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ လှေပိုင်ရှင်တွေဟာ ကုန်သည်အဖွဲ့အစည်းကို တည်ထောင်မှုကြောင့် အကျိုးအမြတ်တွေ ရခဲ့ပါတယ် ကျွန်တော်တို့က ကျောက်စိမ်း‌ဆေးမီးဖိုကလန်ကို ဆန့်ကျင်ဖို့ မလိုအပ်ပါဘူး"

နန်ပင်းဟိုင်သည် အခြားလှေပိုင်ရှင်များ၏ ရှေ့တွင် ချန်ချန့်ကို တမန်တော်ဟု ခေါ်လာသည်။
ချန်ချန်သည် ဘာမှမပြောဘဲ လူစုထဲမှ မျက်နှာတွင် အမာရွတ်များ ရှိနေသော အသားညိုညိုလူကို ကြည့်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် လေလွင့်ကျင့်ကြံသူကို ညွှန်ပြကာ မေးလိုက်သည်။ "လှေပိုင်ရှင်ကျောက် ဒီလူက ဆေးလုံးတွေဟာ ခင်ဗျားဆီကနေလာတာလို့ ပြောတယ် ခင်ဗျား ဘယ်လိုဖြေရှင်းမလဲ?"

ချန်ချန့်စကားကို ကြားသော် လူတိုင်းသည် မျက်နှာတွင် အမာရွတ်ရှိသော လူကို ကြည်လိုက်ကြ၏။
အမာရွတ်ရှိသော မျက်နှာနှင့်လူ၏ အမူအရာသည် အကြီအကျယ်ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခင်ဗျားက ကျုပ်ကို စွပ်စွဲနေတာပဲ! ကျုပ် ဒီလူကို လုံးဝမသိဘူး! ကျုပ်က ကျောက်စိမ်းဆေးမီးဖိုကလန်က လူတစ်ယောက်ကို ဘာကြောင့် အန္တရာယ်ပြုရဲမှာလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now