အပိုင်း ၂၄၅ (စာစဉ် ၃ အပိုင်း ၅)

507 64 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၅ (စာစဉ် ၃ အပိုင်း ၅)
မျိုးနွယ်နှစ်ခု၏ တိုက်ပွဲ

ချန်ချန်နှင့် အခြားလူသားကျင့်ကြံသူများသည် ထွက်ပြေးနေကြသော်လည်း သူတို့အားလုံးသည် တက်ကြွနေကြသည်။
ချန်ချန့်အဆိုအရ သူတို့သည် ထွက်ပြေးနေခြင်းမဟုတ်ဘဲ လူသားများ၏ တိုက်ခိုက်လိုစိတ်ကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။
အစတွင် တစ်ချို့သည် သဘောမတူခဲ့‌သော်လည်း သူတို့ ပြေးနေကြစဉ် ချန်ချန်၏ ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသဖြင့် အချိန်ကြာလာသည်နှင့် သူတို့ တဖြည်းဖြည်း ယုံကြည်လာကြ၏။
သူတို့ ဆုတ်ခွာလာသည်မှာ ချီနှင့်ဝေတိုင်းပြည်နယ်စပ်သို့ ရောက်နေပြီကို မြင်ပြီး လူသားကျင့်ကြံသူများသည် ရပ်တန့်လိုက်ကြသည်။

"ရောင်းရင်းကျင့်ကြံသူချန် ကျုပ်တို့ ထပ်ဆုတ်ရင် ချီနဲ့ဝေတိုင်းပြည်အပြင်ဘက်ကို လုံးဝရောက်သွားတော့မယ်"

အချို့ကျင့်ကြံသူများသည် စိတ်ရှုပ်နေကြဟန်တူသည်။
သူတို့ နောက်ဆုတ်လာခဲ့သော်လည်း ချီနှင့်ဝေတိုင်းပြည်ထဲတွင် ရှိနေသရွေ့ ၎င်းသည် ယာယီဆုတ်ခွာခြင်းသာ ဖြစ်ပြီး ချီနှင့်ဝေတိုင်းပြည်အပြင်ဘက်သို့ ရောက်သွားလျှင် သူတို့ ရှုံးနိမ့်သွားပြီဟု ယူဆရပေမည်။
အချိန်ကျလာသောအခါ နတ်ဆိုးများကလည်း ချိနှင့်ဝေတိုင်းပြည်မှ ထွက်ခွာသွားလျှင် အခြေအနေကို ပြောင်းပြန်လှန်ရန် သူတို့တွင် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။
နောက်ပိုင်းတွင် စစ်ပွဲထပ်ဖြစ်လျှင် သူတို့၏ ရှုံးနိမ့်မှုအတွက် အပြင်တင်ခံရပေမည်။ တကယ်ဆို သူတို့က နတ်ဆိုးများ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရလို ဖြစ်နေ၍ပင်။

"ကျုပ်တို့ ဆက်မဆုတ်ကြတော့ဘူး!" ချန်ချန်သည် ထိုသို့ပြောလိုက်ပြီးနောက် ကျန်းဂျိကို ကြည့်လိုက်သည်။
မနက်လင်းလင်းချင်းတွင် အရာအားလုံး ပြီးဆုံးသွားပြီး သတ်ဖြတ်ခြင်းခုနစ်ပါမိစ္ဆာသခင်သည် မကြာမီ ပြန်ရောက်လာတော့မည်ဟု ကျန်းဂျိက သူ့ကို ပြောပြခဲ့သည်။
သို့သော်လည်း သူ့ကို ယခုထိ မတွေ့ရသေးချေ။
'နတ်ဆိုးပိုင်နက်ထဲမှာ သူ ပိတ်ဆိုခံနေရတာလား?' ထိုအတွေးပေါ်လာသောအခါ ချန်ချန် စိုးရိမ်တကြီးဖြစ်လာ၏။
သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်မရှိလျှင် သူတို့ ရွေးချယ်စရာမရှိဘဲ ဤနေရာမှ ဆုတ်ခွာရပေမည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Onde histórias criam vida. Descubra agora