အပိုင်း ၂၈၇ (စာစဉ် ၂၀ အပိုင်း ၂)

226 21 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၇ (စာစဉ် ၂၀ အပိုင်း ၂)
ရွှေခန္ဓာ ဖြစ်တည်ခြင်း

"ဒါ......ဒါက စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့်ပဲ!"
တောင်တစ်လုံးကို ဝင်ဆောင့်သွားသော လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာသည် ကောင်းကင်ထက်မှ ကျိုးရန်လုံကို ကြည့်ပြီး ဒေါသူပုန်ထသွား၏။
'ဘယ်နေရာက ထွက်လာမှန်းမသိတဲ့ ဒီလူသားရဲ့ ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့်မှာဆိုတာ အသိသာကြီးလေ! ဒါကို ငါ့လို စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း‌ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်တယ်ပေါ့!'
'သူက ပိုသန်မာတာနဲ့ပဲ ငါ့ကို အနိုင်ကျင့်နေတာ အရှင်းကြီးပဲ!'
'သူက အရှက်မဲ့တဲ့သူ ဖြစ်နေတာကို ငါ့ကို အရှက်မဲ့တဲ့သူလို့ ခေါ်ရဲတယ်ပေါ့? စက်ဆုပ်ဖို့ ကောင်းလိုက်တာ!'

ဝုန်း!

ကျောက်တုံးများ မြေပြင်ပေါ်သို့ ‌ပြုတ်ကျသွားသည်။
လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာသည် တောင်နံရံထဲမှ ရုန်းကန်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး စူးရှနာကျင်နေပြီး သူ့ကို လဲကျသွားတော့မတတ် ဖြစ်သွားစေ၏။
သူ လှည့်ပြီး ကြည့်လိုက်ရာ တောင်နံရံ‌ပေါ်တွင် လူသားပုံစံချိုင့်ခွက် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် အက်ကြောင်းများစွာလည်း ဖြစ်ပေါ်နေကာ မီတာတစ်ရာပတ်လည်ကို ပျံ့နှံ့နေသည်။

"မင်း! မင်း ငါနဲ့ တိုက်ခိုက်ဝံ့လား?"
ကျိုးရန်လုံသည် လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာကို လက်ညိုးထိုးပြီး ပြောလိုက်သည်မှာ လူအိုကြီးတစ်ယောက်က လူငယ်လေးတစ်‌ယောက်ကို မောက်မာစွာ စိန်ခေါ်နေသလိုပင်။
လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာ၏ အမူအရာသည် အလွန်အမင်း မည်းမှောင်သွားပြီး တုံ့ဆိုငိးခြင်းမရှိဘဲ လှည့်ထွက်သွားတော့သည်။
မကြာမီ သူတို့အနီးရှိ တောင်လေးတစ်လုံးသည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး တောင်တန်းဆီမှ ဆုတ်ခွာသွားလေ၏။

၎င်းကို မြင်ပြီး ချန်ချန် ပြောစရာစကားမဲ့သွားသည်။ လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာသည် အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်ဟု အစက သူ ထင်ထားသော်လည်း အားနည်းသူကို အနိုင်ကျင့်သော ငကြောက်တစ်‌ယောက်သာ ဖြစ်နေသည်။
သူ့စိတ်ထဲတွင် အထင်မြင်သေးစွာဖြင့် ထိုမြေခွေးအိုကြီးကို ဝေဖန်ပြီးနောက် အဝေးမှ ကျိုးရန်လုံကို ချန်ချန် ပြုံးပြလိုက်သည်။
ကျိုးရန်လုံသည်လည်း ထိုမြေခွေးအိုကြီးနောက်သို့ လိုက်ရန် ရည်ရွယ်ချက် မရှိချေ။ သူ ဝူဖုန်းမြို့သို့ ဝင့်ကြွားစွာဖြင့် ရောက်လာပြီး ချန်ချန့်ကို မြင်သောအခါ ပြောလာသည်။ "ချန်ချန် ငါ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ ငါ့ခွန်အားနဲ့ဆို မိစ္ဆာကလန်ရဲ့ ထိပ်တန်းခေါင်းဆောင်ငါး‌ယောက်ထဲ သေချာပေါက် ပါဝင်လိမ့်မယ်! ဘယ်လိုလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now