အပိုင်း ၂၅၇ (စာစဉ် ၁၈ အပိုင်း ၂)

481 60 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၇ (စာစဉ် ၁၈ အပိုင်း ၂)
ကောင်းကင်မိစ္ဆာပုံရိပ်ယောင်နယ်မြေ

"ချန်ချန် ဒါက နင့်ရဲ့ စိတ်ကို ရှုပ်ထွေးအောင် လုပ်မယ့် ကောင်းကင်မိစ္ဆာကပ်ဘေးပဲ သူ အသာစီးရသွားရင် နင့်ဝိညာဉ်ကို ကောင်းကင်မိစ္ဆာက ချက်ချင်း ဝါးမြိုသွားလိမ့်မယ် ပြီးရင် နင် လမ်းလျှောက်အလောင်းကောင် ဖြစ်သွားလိမ့်မယ်"
ယုချုံသည် နတ်ဘုရားအာရုံကို အသုံးပြုပြီး သူ့ကို သတိပေးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် တစ်စုံတစ်ယောက်သည် ကောင်းကင်ရတနာများကို ယူဆောင်ခြင်းဖြင့် ကောင်းကင်မိစ္ဆာအတိဒုက္ခကို ဖြစ်ပေါ်စေသည်ဟု သူမ ပထမဆုံး ကြားဖူးခြင်းပင်။
အစွမ်းထက်မိစ္ဆာကျင့်ကြံသူအချို့ပင် ထိုကဲ့သို့အတိဒုက္ခမျိုးကို မရင်ဆိုင်ခဲ့ရချေ။
သို့သော်လည်း သူမတပည့်ကတော့ ထိုအတိဒုက္ခကို ဖြစ်ပေါ်စေခဲ့၏။

"ဒီကောင်စုတ်ရဲ့ သိုလှောင်လက်စွပ်ထဲက ရတနာတွေဟာ တော်တော် အံ့အားသင့်ဖို့ ကောင်းတဲ့ဟယတွေ ဖြစ်ရမယ်!"
ယုချုံသည် သိချင်စိတ်ဖြင့် ရေရွတ်နေမိသည်။ သူမသည် မနေနိုင်ဘဲ တစ်စုံတစ်ခုကိုပင် တွေးမိသွားသည်။
'ဒီကောင်စုတ်လေးသာ ကောင်းကင်မိစ္ဆာအတိဒုက္ခကြောင့် သေသွားရင် သူ့ရတနာတွေကို ငါ ပိုင်ဆိုင်သွားမှာ မဟုတ်လား?'
စိတ်ထဲတွင် ထိုအတွေးပေါ်လာသောအခါ ယုချုံ ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်ပစ်လိုက်သည်။
'‌ယဉ်ကျေးပြီး ဖြောင့်မတ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ငါ့တပည့် သေသွားမှာကို ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်မှာလဲ?'
'ဒီကောင်းကင်မိစ္ဆာအတိဒုက္ခက တကယ့်ကို ‌ကြောက်ဖို့ ကောင်းတာပဲ စောင့်ကြည့်တဲ့သူအနေနဲ့တောင် ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်နေတယ်'

ချန်ချန် သူ့ခေါင်းပေါ်မှ မိစ္ဆာများကို ကြည့်လိုက်သည်။ သူသည် အကာအကွယ်နှစ်ထပ်အောက်တွင် ရှိနေသည့်တိုင် မနေနိုင်ဘဲ စိုးရိမ်နေမိသည်။

'ဒီမိစ္ဆာတွေက ပုံစံမတူဘူးပဲ'
အချို့မိစ္ဆာများသည် အလွတ်အမင်းလျှို့ဝှက်ပြီး သူတို့၏ ပစ်မှတ်ကို ဝါးမြိုရန် ရွေးချယ်ထားပုံ ပေါ်နေကာ အချို့သည့် အလွန်အမင်း လောဘကြီးပြီး အရာအားလုံးကို သူတို့အတွက် ရယူလိုသည့်ပုံပေါ်နေသည်။ အချို့သည် ချန်ချန်က သူတို့ မိသားစုများကို သတ်ခဲ့သည့်နှယ် ချန်ချန့်ကို မကျေမချမ်းဖြစ်နေကြ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora