အပိုင်း ၂၆၉ (စာစဉ် ၁၈ အပိုင်း ၁၄)

257 20 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၉ (စာစဉ် ၁၈ အပိုင်း ၁၄)
လုပ်ကြံသတ်ဖြတ်ခြင်း

နောက်ရက်များအတွင်း ချန်ချန် သူ့ယခင်ဘဝမှ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး အတွေ့အကြုံများကို မှီငြမ်းကာ ဂိုဏ်းတစ်ခု၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ရေးဆွဲလိုက်သည်။
တကယ်ဆို ဤနေရာသည် သူ၏ ကိုယ်ပိုင်ဂိုဏ်းဖြစ်ပြီး အသစ်တည်ထောင်ထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မည်သည့်အခက်အခဲမျှ ချန်ချန် အလွယ်တကူ စီမံခန့်ခွဲနိုင်၏။
ယခုလက်ရှိ စီမံခန့်ခွဲမှုအစီအစဉ်သည် ယခင်က ထျန်းယွမ်ကလန်အတွက် သူ ရေးဆွဲထားခဲ့သည့်တစ်ခုထက် အဆများစွာ ပိုမိုအဆင့်မြင့်ပေသည်။
သူ၏ သုံးသပ်မှုအရ ဤစီမံခန့်ခွဲမှုအစီအစဉ်ကို အခြားကလန်များသို့ ရောင်းလိုက်လျှင် စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်း တန်ကြေးရှိပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ချန်ချန် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
'ငါက ငါ့ရဲ့ ခန့်ညားတဲ့ ရုပ်သွင်၊ ပါရမီနဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ပဲ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် လုပ်နိုင်တဲ့ လူတစ်ယောက်ပဲ'
'ကောင်းကင်က ဒီလိုအရည်အချင်းတွေ ရှိတဲ့ ဘယ်သူ့ကိုမဆို မနာလိုဖြစ်လိမ့်မယ်'

"ဟီးဟီး......"
ချန်ချန် သူ့ခေါင်းထဲတွင် အစီအစဉ်ချနေရင်း ရယ်မောမိသည်။
မိုးသောက်ပန်းလေးသည် ခြံဝင်းထဲတွင် သီချင်း‌ဆိုနေပြီး အဝါရောင်မြေအဆီအနှစ်စိတ်ဝိညာဉ်ပင်သည် ‌မြေကြီးတူးနေသည်မှာ အလွန်အမင်း လိုက်ဖက်ညီနေသော မြင်ကွင်းတစ်ခုပင်။
ထိုအချိန်တွင် သူ‌့နောက်ရှိ ဟင်းလင်းပြင်သည် တုန်ခါသွားပြီး ယွမ်ချင်းတန် ထွက်ပေါ်လာသည်။ "စီနီယာအကို ကလန်တစ်ခုရဲ့ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဝူဖုန်းတောင်ကို ဝင်ချင်တယ်ဆိုပြီး ရောက်လာတယ်"

ချန်ချန့်မျက်ဝန်းများ ရုတ်ချည်းတောက်ပသွားသည်။ ဝူဖုန်းတောင်သည် ရက်အနည်းငယ်အကြာက တရားဝင်တည်ထောင်ခဲ့ပြီး ထိုသတင်းကို မဖြန့်ရသေးချေ။ သို့သော်လည်း စိတ်ဝိညာဥ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် သူတို့ဆီ ရောက်လာပြီး ဝူဖုန်းတောင်သို့ ဝင်ရန် ‌တောင်းဆိုလာ၏။
'ငါ့ရဲ့ ကျော်ကြားမှုကြောင့်လား?'

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now