အပိုင်း ၂၄၂ (စာစဉ် ၁၇ အပိုင်း ၂)

530 62 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၂ (စာစဉ် ၁၇ အပိုင်း ၂)
ပရမ်းပတာတိုက်ပွဲ

"ဟုတ်ကဲ့ပါ အရှင်!"
ထိုနတ်ဆိုးအင်ပါယာသည် ပြန်ဖြေပြီး ချန်ချန်ရှိသော နေရာသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
ချန်ချန်က ၎င်းကို မြင်သောအခါ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြီး ထွက်ပြေးတော့သည်။ မကြာမီ စခန်းဆီမှ ကီလိုမီတာ ဒါဇင်အနည်းငယ်အကွာသို့ ရောက်သွား၏။
နတ်ဆိုးအင်ပါယာသည် သူ့နောက်သို့ လိုက်လာပြီး လှောင်ပြောင်လိုက်သည်။ "မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က ကျင့်ကြံသူလေးတစ်ယောက်ပဲလေ ဘယ်ကို ပြေးချင်နေတာလဲ?"

"ရှေ့မှာ ချုံခိုနေတဲ့ လူသားကျွမ်းကျင်သူတွေ ရှိ‌တယ် ခင်ဗျား ဘာသိလို့လဲ!"
ချန်ချန် ပြန်ပြောလိုက်သည်။
သူ့စကားကို ကြားပြီး အံ့အားသင့်သွားကာ နတ်ဆိုးအင်ပါယာသည် ချက်ချင်းပင် သတိထားပြီး အရှိန်လျော့လိုက်သည်။
ချန်ချန့်မျက်နှာပေါ်မှ အထင်သေးသည့်အပြုံးကို မြင်သောအခါ သူ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိသွားပြီး ချက်ချင်းပင် စိတ်ဆိုးမာန်ဆိုးဖြစ်သွားပြီး အံကြိတ်ကာ အရှိန်တင်တော့သည်။
မည်သူမျှ မရှိသည်ကို မြင်ပြီး ချန်ချန် ရုတ်တရက် ရပ်တန့်ကာ သူ့မျက်ဝန်းများ လင်းလက်သွားပြီး နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲကို သုံးကာ နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်လိုက်သည်။
နတ်ဆိုးအင်ပါယာသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကလည်း နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်နိုင်မည်ဟု ထင်မထားချေ။ ရုတ်တရက်ပင် သူ့ခေါင်းထဲတွင် စူးခနဲဖြစ်သွားပြီး သူ့ခေါင်းကို ကိုင်ကာ အော်ဟစ်နေ၏။

၎င်းကို မြင်သောအခါ ချန်ချန့်မျက်ဝန်းများ တောက်ပသွားပြီး အကြွင်းမဲ့နတ်ဘုရားဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးအင်ပါယာကို ခုတ်ပိုင်းလိုက်တော့သည်။
သို့သော်လည်း သူသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးဖြစ်နေသဖြင့် သူ့အသိစိတ်ပင်လယ်က ရုတ်ချည်း တိုက်ခိုက်ခံလိုက်ရသည့်တိုင် ဘေးတစ်ဖက်သို့ ရှောင်တိမ်းနိုင်ဆဲပင်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now