အပိုင်း ၂၁၈ (စာစဉ် ၁၅ အပိုင်း ၈)

669 66 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၈ (စာစဉ် ၁၅ အပိုင်း ၈)
တောင်ပိုင်းဒေသ၏ ကပ်ဆိုး

"ဟင်းလင်းပြင်ဝိညာဉ်ကလန်က တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီ သူတို့က လူတစ်ယောက်ကိုတောင် မျက်စိဒေါက်ထောက်မကြည့်နိုင်ကြဘူး"
အနောက်ဘက်နယ်စပ်ရှိ မြို့ကြီးတစ်ခုအတွင်းတွင် ဟောင်ရန်ဓားကလန်၏ သူ‌တော်စင်မယ်သည် သူမလက်ထဲမှ အစီရင်ခံစာကို ကြည့်ပြီး လေးပင်စွာ သက်ပြင်းချမိသည်။

လွန်ခဲ့သော နေ့တစ်ဝက်အကြာက မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိသော တင်းယိသည် ချီတိုင်းပြည်တွင် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး တိုက်ပွဲသည် လေးနာရီကြာပြင်းထန်ပြီးနောက် သူ သေဆုံးသွားခဲ့ရ၏
သူသည် ထောင်ပေါင်းများစွာသော နတ်ဆိုးများနှင့် သာမန်နတ်ဆိုးအင်ပါယာနှစ်ယောက်ကို သတ်နိုင်ခဲ့သော်လည်း ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ရန် ကျရှုံးခဲ့သည်။
သူက ထောင်ချောက်တစ်ခုအတွင်း ကျဆင်းခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရပေသည်။
ဟင်းလင်းပြင်ဝိညာဉ်ကလန်သည် တင်းယိ၏ မိသားစုသတ်ဖြတ်ခံခဲ့ရသည်ကို သိနေခဲ့သော်လည်း တင်းယိကို မစောင့်ကြည့်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ အကြီးအကျယ် တာဝန်ယူရပေမည်။

ဘေးတွင် ရှိနေသော ရှရှီယွမ်သည် ထိုအကြောင်းကို ကြားသောအခါ တိတ်ဆိတ်သွား၏။
စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်မှ ကျွမ်းကျင်သူများကို‌ ဘေးဖယ်ထားလျှင် မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်သူများသည် ဆယ်ယောက်မပြည့်ပေ။ ယခု တစ်ယောက်က ကျဆုံးသွားသဖြင့် လူသားမျိုးနွယ်တစ်ခုလုံးတွင် ကသောင်းကနင်းဖြစ်သွားမည်မှာ အသေအချာပင်။
နတ်ဆိုးများကလည်း ပေါ်ပေါ်ထင်ထင်ဖြင့် မောက်မာလာကြပေမည်။

"ရှီယွမ် ဒီအချိန်အတော်အတွင်း နင့်ရဲ့ လုံခြုံမှုကို ဂရုစိုက်ပါ ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာနဲ့ ကြက်သွေးရောင်မြေခွေးနတ်ဆိုးအင်ပါယာတို့ရဲ့ လုပ်ရပ်ဟာ အဲ့ဒီနတ်ဆိုးနတ်ဘုရားက အစီအစဉ်ချပြီး လုပ်ခိုင်းခဲ့တာပဲ အခု နတ်ဆိုးတွေအများကြီးက အဲ့လိုနည်းလမ်းနဲ့ စွမ်းအားရရှိဖို့ လှုံ့ဆော်ခံလိုက်ရပြီ နတ်ဆိုးတွေက နင့်ကို အစီအစဉ်ချထားမှာကို ငါ စိုးရိမ်တယ်"
ဟောင်ရန်ဓားကလန်၏ သူတောင်စင်မယ်သည် သူမတပည့်ကို ကြည့်ရင်း စိတ်မချမ်းမြေ့စွာဖြင့် ပြောလိုက်သည်။
ရှရှီယွမ်က ခေါင်းညိတ်ကာ မေးလိုက်သည်။ "ဆရာ ကလန်ခေါင်းဆောင်က စီနီယာအကို တင်းယိအတွက် လက်စားချေဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့လား?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now