အပိုင်း ၂၇၁ (စာစဉ် ၁၉ အပိုင်း ၁)

276 27 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၁ (စာစဉ် ၁၉ အပိုင်း ၁)
ငါ့ဘာသာငါပဲ လုပ်လိုက်မယ်

ပိုင်ဖန်းကို ထိန်းချုပ်ပြီးနောက် ချန်ချန်သည် သူ့ကို မေးမြန်ရန် အလျင်လိုခြင် မရှိဘဲ ကျင့်ကြံသူများကို ဦးဆောင်ကာ ကျောက်စိမ်းဆေးမီးဖိုကလန်သို့ ခေါ်သွားနေသည်။
ယခုတစ်ကြိမ် ကျောက်စိမ်းဆေးမီးဖိုကလန်သို့ သွားသည့် သူ့ရည်ရွယ်ချက်မှာ အနောက်လက်နယ်စပ်တွင် တိုက်ခိုက်ရန် မဟုတ်ချေ။ ထိုသို့မဟုတ်လျှင် သူ အားလုံးကို ခေါ်လာစရာမလိုချေ။
ကျင့်ကြံသူတစ်ထောင်ကျော်နှင့်အတူ စစ်မြေပြင်တွင် တိုက်ခိုက်နေရသည့် မြင်ကွင်းကို စိတ်ကူးကြည့်ပြီး ချန်ချန် မနေနိုင်ဘဲ စိတ်ပူမိသည်။
'ဟိုကို ‌ရောက်ရင် အမျိုးသမီးကျင့်ကြံသူအများကြီးက ငါ့ကို ကြိုက်သွားမယ်ဆို ဘယ်လိုလုပ်မလဲ? ရှီယွမ်က ငါ့ကို အထင်လွဲသွားမှာလား?'

"ငါ ဘာလို့ မျက်နှာဖုံးမတပ်ရမှာလဲ?"
ထိုအကြောင်းကို တွေးမိပြီး သိုလှောင်လက်စွပ်ထဲမှ မျက်နှာဖုံးတစ်ခုကို ချန်ချန် ထုတ်ယူလိုက်သည်။
သူသည် ပြဿနာကို ရှောင်ဖယ်တတ်သူမဟုတ်သော်လည်း ထိုကိစ္စကို အတော်လေး အလေးပေးပေသည်။
လူတစ်ယောက်သည် ကိုယ်ပိုင်အားနည်းချက်များကို မည်သို့ရင်ဆိုင်လက်ခံရမည်ကို သင်ယူရမည်ရုံသာမက မိမိ၏ စွမ်းဆောင်နိုင်စွမ်းကိုလည်း သိနားလည်ထားရပေမည်။
ခနတာတိတ်ဆိတ်နေပြီးနောက် ချန်ချန် မျက်နှာဖုံးကို ပြန်သိမ်းလိုက်သည်။
မျက်နှာဖုံးဝတ်ဆင်ခြင်းသည် ရှရှီယွမ်နှင့် ကြည်နူးရန် သူ့အတွက် အဆင်မပြေပေ။

မီတာရာပေါင်းများစွာ ပျံသန်းပြီးနောက် ချန်ချန် အပူကင်မဲ့အင်မော်တယ်နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။
ထိုအချိန်တ‌ွင် ပိုင်ဖန်း၏ ကျင့်ကြံမှူည် ချိပ်ပိတ်ခံထားရပြီး သူ့ခြေလက်များကို တုပ်နှောင်ထားသည်။ သူ့ဘေးနားတွင် ကောင်းကင်မိစ္ဆာအဖွဲ့အစည်းမှ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူများ၏ ချိပ်ပိတ်ခံထားရသော ပုံစံတည်ဝိညာဉ်များ ရှိနေ၏။
တဖြည်းဖြည်းပျောက်ကွယ်သွားသော ပုံစံတည်ဝိညာဉ်များကို ကြည့်ရင်း ပိုင်ဖန်း စိတ်ဖိစီးလာသည်။
"ကောင်းကင်မိစ္ဆာအဖွဲ့အစည်းက မင်းကို ဆက်သွယ်ခဲ့တဲ့လူဟာ ဘယ်သူလဲ? သူ ဘယ်သူလဲဆိုတာ မင်း သိလား?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Onde histórias criam vida. Descubra agora