အပိုင်း ၂၇၆ (စာစဉ် ၁၉ အပိုင်း ၆)

256 21 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၆ (စာစဉ် ၁၉ အပိုင်း ၆)
အဆင့်တူချင်း ပြိုင်ဘက်ကင်းတယ်

"ပုံမှန်အားဖြင့် ငါတို့က ပြစ်မှုများများစားစား မရှိတဲ့သူတွေကိုသာ အကျိုးအမြတ်ပေးပြီး ရန်စဆန့်ကျင်ခိုင်းတာ ပြစ်မှုကြီးကြီးမားမား ရှိရင်တော့ အဲ့လိုလုပ်စရာမလိုဘဲ အဖွဲ့အစည်းထဲကို တိုက်ရိုက်ဝင်နိုင်တယ် မင်းက ဥပမာတစ်ခုပဲလေ"
အသံသည် ချန်ချန့်အနီးသို့ နီးကပ်လာ၏။

သူ မခံမရပ်နိုင်ဖြစ်သွားကာ အော်ပြောလိုက်သည်။ "ပိုင်ဖန်း လုယက်ခံလိုက်ရတဲ့ ဆေးပင်တွေ ကျုပ်ကို ပေးနိုင်မလား?"
သူ ထိုသို့ပြောလိုက်သည်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းသည် ချန်ချန့်လက်ထဲသို့ ပျံသန်းလာသည်။
သူ ဖွင့်ကြည့်လိုက်ရာ ပိုင်ဖန်း ပျောက်ဆုံးသွားသည်နှင့် အတူတူဖြစ်သော တောင်ဘက်နယ်စပ်မှ ဆေးပင်မြောက်များစွာ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့ကို မြင်ပြီး ချန်ချန် စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ အဖွဲ့အစည်းခေါင်း‌ဆောင်ဆီမှ သူ တစ်ခုခု ရရှိခဲ့ပေသည်။ ထိုဆေးပင်မ‌ျားအားလုံးကို ကျောက်စိမ်းဆေးမီးဖိုကလန်သို့ သူ ပြန်ပေးရမည်ဖြစ်သော်လည်း အနည်းဆုံးတော့ သူ့ကို နေလို့ထိုင်လို့ ကောင်းသွားစေ၏။

ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ချန်ချန် သိုလှောင်လက်စွပ်ကို ပိုင်ဖန်းအား စစ်ဆေးခိုင်းလိုက်သည်။
ပိုင်ဖန်းသည် ရုတ်ချည်းပင် မျက်ရည်များ ကျလာပြီး ချန်ချန့်ကို အဆက်မပြတ် ချီးမွမ်‌းနေသည်မှာ ချန်ချန့်ကို နန်ဘုရားတစ်ပါးလို ပူဇော်ပသတော့မည့် အတိုင်းပင်။
သို့သော်လည်း ချန်ချန်က သူ့ကို ကြမ်းကြုတ်စွာ ပြန်ပြောလိုက်သည်။ "အခုကစပြီး မင်း လိုက်သွားချင်တဲ့ ပညာရှိဆရာတစ်ယောက်ကို တွေ့သွားပြီး ဒီအချိန်အတောအတွင်း ပြန်လာမှာမဟုတ်‌သေးဘူးလို့ မင်းရဲ့ တော်ဝင်မိသားစုကို သတင်းပို့လိုက်ပါ"

၎င်းကို ကြားသော် ပိုင်ဖန်း ကြက်သေ,သေသွားသည်။ 'သူ ဘာလုပ်ချင်နေတာလဲ?'
ချန်ချန် တုံ့ဆိုင်းခြင်းမရှိဘဲ ပိုင်ဖန်း၏ စာချုပ်ကို ထုတ်ယူကာ သူ့မျက်နှာအမူအရာသည် ခြိမ်းခြောက်နေဟန် ပေါ်လာ၏။
ထိုမြင်ကွင်းကို မြင်ပြီး ပိုင်ဖန်း ခါးသက်စွာဖြင့် ခေါင်းညိတ်ကာ ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူလိုက်သည်။
ထိုအခါမှသာ ချန်ချန် စာချုပ်ကို သိမ်းဆည်းလိုက်သည်။
အခြားသူများကို ခြိမ်းခြောက်ခြင်းသည် ပျော်စရာကောင်းသည်ကို သူ ဝန်ခံရပေမည်။
ပိုင်ဖန်းသည် အစကတည်းက သူ့ကို သတ်ချင်ခဲ့သဖြင့် သူ့အပေါ် သူ မကောင်းမွန်နိုင်ပေ။
'ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်က ဘာပြောခဲ့တာလဲ?'

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Nơi câu chuyện tồn tại. Hãy khám phá bây giờ