အပိုင်း ၂၂၁ (စာစဉ် ၁၅ အပိုင်း ၁၁)

607 69 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၁ (စာစဉ် ၁၅ အပိုင်း ၁၁)
မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ကို သတ်ဖြတ်ရန်

အခြေခံတည်ဆောက်ခြင်းအဆင့် နတ်ဆိုးက ထိတ်လန့်စွာဖြင့် အဝေးသို့ ပျံသန်းသွားသောအခါ ယွမ်ချင်းတန်သည် သူ့ရတနာကို ထုတ်ယူပြီး သေသေချာချာ စစ်ဆေးကြည့်ကာ သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး သေရမှာ အဆင်သင့်ဖြစ်နေသလိုပင်။
တကယ်ဆို သူတို့သည် သာမန်မဟုတ်သော ‌စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် နတ်ဆိုးအင်ပါယာတစ်ယောက်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲတွင် သေဆုံးရန် သူ ပြင်ဆင်ရပေမည်။
ခနတာစဉ်းစားပြီးနောက် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူကာ တစ်ယောက်ယောက်ကို နောက်ဆုံးစကားအချို့ ချန်ခဲ့ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း မည်သည့်ကြီးကျယ်ခမ်းနားသော စကားလုံးကိုမျှ သူ မစဉ်းစားနိုင်ပေ။ အချိန်အတော်ကြာ အသည်းအသန်စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။ "ငါ နတ်ဆိုးအင်ပါယာတစ်ယောက်နဲ့ ရင်ဆိုင်ရတော့မယ် ဒီတော့ ငါ အသက်ရှင်လျက် ပြန်မလာနိုင်မှာကို စိုးရိမ်မိတယ် ဂရုစိုက်ပါ"

သူ ထိုသို့ပြောလိုက်သည်နှင့် ချန်ချန်သည် သူ့ကို ဆွဲခေါ်သွားကာ မကြာမီ သူတို့ ‌အဝေးသို့ ပျံသန်းသွားတော့၏။

"မဟုတ်ဘူးလေ.......စီနီယာအကို ကျွန်တော်တို့ အဖြူရောင်ဝက်ဝံနတ်ဆိုးအင်ပါယာကို စောင့်နေကြတာ မဟုတ်ဘူးလား?"
ယွမ်ချင်းတန် အံ့အားသင့်သွားသည်။

"ဘာအတွက် စောင့်ရမှာလဲ? ငါ သူ့ကို စနောက်လိုက်ရုံပါ ငါတို့က တောင်ပိုင်းဒေသမှာ နည်းနည်းလောက်ပဲ ရုတ်ရုတ်သဲသဲလုပ်နိုင်တာ"
ချန်ချန် ညင်သာစွာ ပြောလိုက်သည်။
ဂျင်တိုင်းပြည်နှင့် လူသားများအတွက် သူ ရွေးချယ်စရာမရှိဘဲ သူ့စကားက မည်မျှထောင်လွှားနေသည်ဖြစ်စေ ပြောရပေမည်။
ရန်သူကို သူ မနိုင်လျှင် နှောင့်ယှက်ရမည်ဟူသော သဘောတရားကို သူ နားလည်ထား၏။

ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။
အဖြူရောင်ဝက်ဝံနတ်ဆိုးအင်ပါယာသည် နတ်ဆိုးအလောင်းများမှလွဲ၍ မည်သည်မျှမရှိသော တောင်ထိပ်ဆီသို့ ရောက်လာသည်။
ထိုမြင်ကွင်းကြောင့် သူ ဒေါသထွက်ခြင်းမရှိဘဲ တည်ငြိမ်စွာ မေးလိုက်သည်။ "ချန်ချန် လူဘယ်နှယောက် ခေါ်လာလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now