အပိုင်း ၂၇၉ (စာစဉ် ၁၉ အပိုင်း ၉)

236 18 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၉ (စာစဉ် ၁၉ အပိုင်း ၉)
ပြိုင်ဘက်ကင်းမှု

ခပ်ရေးရေး အရှိန်အဝါများကို အာရုံခံမိပြီး ချန်ချန် အလွန်အမင်း စိုးရိမ်သွားကာ သူ့ညာလက်ကို ကြည့်လိုက်သည်။
ယခု သူသည် သိပ်မကြာခင်ကမှ ရရှိထားသော ရတနာတစ်ခုဖြစ်သည့် လက်အိတ်တစ်ခုကို ညာလက်တွင် ဝတ်ဆင်ထားသည်။
ယုချုံ သူ့ကို ပေးခဲ့သော လက်အိတ်သည် သံသရှိစရာမလိုဘဲ ကောင်းမွန်သော်လည်း ရုတ်တရက်ကြီး ကောက်ခါငင်ခါပေးခဲ့ခြင်း ဖြစ်သည်။ ထိုလက်အိတ်နှင့် မတူဘဲ ဤတစ်ခုသည် သူ့အတွက် ပြင်ဆင်ထားခြင်းပင်။
အကာအကွယ်နှစ်ထပ်ရှိနေသည့်တိုင် ကပ်ဘေးသုတ်သင်စည်းတံဆိပ်၏ အရှိန်အဝါကို သူ အပြည့်အဝဖုံးကွယ်နိုင်မည်ဟု သူ အာမ,မခံနိုင်ပေ။
စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့် လူသားကျင့်ကြံသူများက ၎င်းကို ရှာတွေ့သွားလျှင် ယုချုံက သူတို့ကို ရှင်းပြခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ပြီး သူတို့က သူ့ကို ခက်ခဲအောင် လုပ်မည်မဟုတ်ချေ။
သို့သော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးများကိုတော့ သူ မသေချာပေ။
ထိုအတွေးဖြင့် ချန်ချန် လက်သီးဆုပ်ကာ လူသားအမြစ်ဖြတ်တောင်နှင့် နီးကပ်ရာသို့ မသွားဘဲ နတ်ဆိုးဖိနှိပ်ခြင်မြို့ပေါ်တွင် နေရန် ဆုံးဖြတ်လိုက်သည်။

"မင်း စိုးရိမ်နေတာလား?"

ချန်ချန် မသိလိုက်ခင် နတ်ဘုရားပုံရိပ်ယောင်နတ်ဆိုးအင်ပါယာသည် ချန်ချန့်ရှေ့ တစ်ကီလိုမီတာအကွာသို့ ရောက်ရှိလာသည်။ ချန်ချန်က သူ၏ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
သူက ချန်ချန်၏ မည်းမှောင်နေသော မျက်နှာထားကို မြင်သောအခါ သူ ရယ်မောပြီး သူ့ကို ရန်စလာသည်။
ချန်ချန် စိုးရိမ်နေခြင်းသည် ဖိအားများ ရှိနေသည်ဟု ဆိုလိုပြီး သူ့အတွက် သတင်းကောင်းပင်။

ချန်ချန် ဘာမှမတုန့်ပြန်ခဲ့ဘဲ သူ့အမူအရာသည် ပုံမှန်မဟုတ်စွာ တည်ငြိမ်နေပြီး သူ့အရှိန်အဝါသည် ပိုပို၍ သန်မာလာသည်။ တဖြည်းဖြည်းနှင့် သူသည် အစွမ်းထက် ချီစွမ်းအင်လှိုင်းကြီးကို ဖြစ်ပေါ်လာစေပြီး ထိုစွမ်းအင်လှိုင်းသည် နတ်ဘုရားပုံရိပ်ယောင်နတ်ဆိုးအင်ပါယာဆီသို့ တိုးဝင်သွားလေသည်။
နတ်ဘုရားပုံရိပ်ယောင်နတ်ဆိုးအင်ပါယာသည် တွန့်ဆုတ်ခြင်း အားနည်းခြင်း လုံးဝမပြဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြလာကာ အမြှီးခြောက်ချောင်းသည် သူ့နောက်ဘက်တွင် ထွက်ပေါ်လာပြီး လှုပ်ယမ်းနေသည်။ အမြှီးတစ်ချောင်းချင်းစီသည် အစွမ်းထက် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
လူတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင်တို့သည် ကောင်းကင်ယံတွင် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး လေနှင့် မိုးကြိုးတို့၏ အသံသည် ဟင်းလင်းပြင်ထဲတွင် ခပ်ရေးရေး ထွက်ပေါ်လာသည်။

"သူတို့က နတ်ဘုရားအာရုံကို သုံးပြီး တိုက်ခိုက်နေကြတာပဲ......"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now