အပိုင်း ၂၉၇ (စာစဉ် ၂၀ အပိုင်း ၁၂)

221 18 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၇ (စာစဉ် ၂၀ အပိုင်း ၁၂)
ငါ့လက်သီးကို ခံယူလိုက်စမ်း!

ဘုန်း! ဘုန်း! ဘုန်း!

မိစ္ဆာကလန်၏ လျှို့ဝှက်နယ်မြေထဲတွင် ဆက်တိုက်ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး ချန်ချန့်ခန္ဓာကိုယ်သည် အလွန်အမင်း ဖူးယောင်နေသည်မှ ဘောလုံးကို လေအပြည့်ထိုးထားသလိုပင်။
သူ၏ ရုပ်ရည်သွင်ပြင်ကို မူလပုံစံပြန်ဖြစ်အောင် လုပ်ရန် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို တစ်လက်မ,မကျန် အသုံးပြုပြီး အလင်းလွှာကို တိုက်ခိုက်နေခဲ့၏။
၎င်းက မည်သို့ခံစားရသည်ကို သူတစ်ယောက်သာ သိပေလိမ့်မည်။
ကိုးဆင့်ပြောင်းလဲခြင်းရွှေခန္ဓာနည်းစနစ်ကို စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ သူ ကျင့်ကြံထားလျှင်ပင် ပြင်းထန်သော ဝင်ဆောင့်မှုကြောင့် သူ့ခန္ဓာကိုယ်သည် ဖူးယောင်ဖောင်းပွလာဆဲပင်။
ထို့အပြင် ဝင်ဆောင့်မှုကြောင့် ဖူးယောင်လာခြင်းသည် ရုပ်ခန္ဓာကိုယ်၏ ရှောင်ပြေး၍ မလွတ်သော သဘာဝတစ်ခု ဖြစ်၏။
သို့သော်လည်း သူ့မျက်နှာသည် အလွန်အမင်း ဖူး‌ယောင်နေသော်လည်း သူ့ခန္ဓာကိုယ်ရှိ အဝါရောင်များသည် အတော်များများ ပျောက်ကွယ်သွားသဖြင့် ချန်ချန် အလွန်အမင်း စိတ်ဓာတ်တက်ကြွနေလေသည်။ သူ့လက်ရှိ အသားအရောင်နှင့် မူလအသားအရောင်တို့သည် သိသိသာသာ ကွဲပြားနေခြင်း မရှိတော့ပေ။
ချန်ချန် မှန်တစ်ချပ်ထုတ်ယူကာ သူ့ကိုယ်သူ လေးစားနေမိသည်။

"အချိန်တိုလေး ဒုက္ခခံရတာလည်း မဆိုးပါဘူး"

ချန်ချန် သူ့ဒဏ်ရာများကို ကုသရန် မကြိုးစားခဲ့ပေ။ အချိန်အတော်ကြာ ခန့်ခန့်ညားညား ရှိနေသဖြင့် ရုပ်ဆိုးအကျည်းတန်ရသည့် အခွင့်အရေးသည် တန်ဖိုးဟန်ပင်။
ထို့အပြင် သူ့ဘဝတွင် အချိန်တိုလေးသာ ရုပ်‌ဆိုးရခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အမြင်တွင် ယခုအချိန်တစ်စက္ကန့်တိုင်းသည် နောင်အနာဂတ်တွင် သူ့နှလုံးသားထဲ၌ စွဲထင်နေမည် ဖြစ်၏။

"ငါတောင် ဒီလိုမျိုးရုပ်ဆိုးတဲ့ အချိန်ရှိလာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora