အပိုင်း ၂၁၂ (စာစဉ် ၁၅ အပိုင်း ၂)

632 74 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၂ (စာစဉ် ၁၅ အပိုင်း ၂)
ကျွန်တော်တို့ အရိုအသေပေးတာကို လက်ခံပေးပါ

မကြာခင် ချန်ချန်သည် ဂျင်တိုင်းပြည်သို့ ပြန်သွားမည်ကို ချန်ချန်၏ စီနီယာအစ်ကိုအစ်မရှစ်ယောက်တို့ သိသွားကြသောအခါ စိတ်လှုပ်ရှားနေကြသည်။ သူ ပြန်သွားမည်မှာ ခုနစ်ရက်လိုနေသေးသော်လည်း သူတို့က စိတ်အားထက်သန်နေကြပြီး စောစောစီးစီးကြိုတင်ပြင်ဆင်နေကြ၏။
တကယ်ဆို ယခုတစ်ကြိမ် ဂျင်တိုင်းပြည်သို့ သွားသောခရီးသည် ရှေးဟောင်းဆေးညွှန်းကို လေ့လာရုံသာမက ထိပ်တန်းစွမ်းဆောင်ရည်များရှိသည့် ရှေးဟောင်းဆေးပညာရှင်များကို အရိုအသေပေးရန်လည်း ဖြစ်ပေသည်။
ထို့ကြောင့် သူတို့ကိုယ်သူတို့ စိတ်တည်ငြိမ်သန့်ရှင်းအောင် ပြင်ဆင်နေကြ၏။

ချန်ချန် မထွက်ခွာခင် ယုချုံက သူမ၏ ခြံဝင်းဆီသို့ လာရန် ချန်ချန့်ကို ဆင့်ခေါ်ခဲ့သည်။

"ချန်ချန် နင် အချိန်တစ်လရမယ် နင့်အကန့်အသတ်ကို နင်သိပြီး အလွန်အကျွံမလုပ်ဖို့ ငါ မျှော်လင့်တယ် တစ်လအတွင်း နင် သူတို့ကို ငါဆီ ပြန်ခေါ်လာရမယ် နင်တို့ကို ရှာဖို့ ငါ တစ်ယောက်ယောက် လွှတ်ရအောင် မလုပ်ပါနဲ့ မဟုတ်ရင်တော့ နင် ထွက်သွားလိုက်‌တော့!"
ယုချုံက တည်တံ့သောအမူအရာဖြင့် သတိပေးလာသည်။

"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်.....တစ်လက လုံလောက်ပါတယ်" ချန်ချန်က ကိုးရိုးကားယားပြုံးကာ ပြန်ဖြေလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူက ယုချုံ၏ တပည့်များကို အဝေးသို့ ခေါ်သွားရသည်ကို အနည်းငယ် မနှစ်မြို့ချေ။

"ကောင်းတယ် ပြီးတော့ ရှေးဟောင်းဆေးညွှန်းမိတ္တူတစ်ခုကိုလည်း ငါဆီ ယူလာခဲ့ပေးပါ အခု သွားလို့ရပြီ"
ထိုသို့ပြောပြီးနောက် ယုချုံက သူမလက်ကို ဝေ့ယမ်းကာ ချန်ချန်သည် ခြံဝင်းအပြင်သို့ ပျံသန်းသွားလေတော့၏။

"ခင်ဗျားက တကယ်ပဲ ထက်မြက်တယ်လို့ ကျုပ် ထင်ထားခဲ့တာ ခင်ဗျားကလည်း ရှေးဟောင်းဆေးညွှန်းကို လိုချင်နေတယ်ပေါ့"
ချန်ချန် မြေပြင်ပေါ် ဆင်းသက်ကာ ထွက်မသွားခင် အထင်မြင်သေးစွာဖြင့် နှာခေါင်းရှုံ့မိသည်။

လွန်ခဲ့သော တစ်လအကြာက မဟူရာအင်မော်တယ်ဂိုဏ်းသို့ သွားခဲ့သော ခရီးနှင့် နှိုင်းယှဉ်ရလျှင် ယခုတစ်ကြိမ်တွင် လူဆယ်ဆပိုများလာခဲ့သည်။
တစ်ဦးချင်းစီအနေဖြင့် ယုဟိုသည် ယခင်တစ်ခါတွင် သင်ခန်းစာရရှိသွားသဖြင့် ယခုတစ်ကြိမ်တွင် အဖော်အဖြစ် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ခေါ်လာခဲ့ရုံသာမက ဆေးပညာသင် ခုနစ်ယောက် ရှစ်ယောက်ကိုလည်း ခေါ်လာခဲ့သည်။ ထို့အပြင် ယုဟိုကို တစ်ချိန်လုံး ဖော်လံဖားနေသော ထက်မြက်သည့် အကြံပေးတစ်ယောက်ကိုလည်း ခေါ်လာခဲ့၏။
စုလျန်းကိုလည်း လျော့တွက်၍မရချေ။ အဖော်နှစ်ယောက်နှင့် ဆေးပညာသင်အနည်းငယ်အပြင် ဆေးပညာရှင်များဖြစ်ကြသော သူမ၏ သူငယ်ချင်း သုံးလေးယောက်ကိုလည်း ခေါ်လာခဲ့သည်။
အခြားစီနီယာအစ်ကိုအစ်မများသည် သူတို့လောက် သိပ်ပြီး ပုံကြီးမချဲ‌့ကြသော်လည်း တစ်ယောက်စီတွင် လူလေးငါးယေက် ပါဝင်ကြပေသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Opowieści tętniące życiem. Odkryj je teraz