အပိုင်း ၂၂၃ (စာစဉ် ၁၅ အပိုင်း ၁၃)

582 72 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၃ (စာစဉ် ၁၅ အပိုင်း ၁၃)
လုံလောက်ပြီ

"ကျုပ်က ချန်ချန် မဟုတ်ဘူး ခင်ဗျားတို့တွေ ဘာလို့ ကျုပ်ကို အလွှတ်‌မပေးကြတာလဲ?"
နတ်ဆိုးတစ်အုပ်က ဝန်းရံထားသောအခါ ကျန်းဂျိသည် ယခင်က ရှောက်ဝူယို သူ့ကို ပေးခဲ့သော မျက်နှာဖုံးကို ချွတ်လိုက်သည်။ ယခုအချိန်တွင် ၎င်းက အသုံးတည့်မည်ဟု သူ ထင်မထားခဲ့ချေ။

နတ်ဆိုးများသည် ဒေါသကြောင့် သေလုနီးပါးဖြစ်သွားပြီး အထူးသဖြင့် နတ်ဆိုးအင်ပါယာအချို့သည် ဒေါသများဖြင့် ဖုံးလွှမ်းနေ၏။
ဤချန်ချန်အတု ထွက်ပေါ်လာပြီး လျင်မြန်စွာ ထွက်ပြေးခဲ့ခြင်းမရှိလျှင် သူတို့က ဤကဲ့သို့ ကလေးသာသာ လှည့်ကွက်မျိုးထဲ ကျရောက်လိမ့်မည် မဟုတ်ပေ။
ယခုတော့ သူတို့ ချန်ချန့်ကို ဆက်မရှာနိုင်တော့ပေ။ အကြောင်းမှာ ချန်ချန်က အဝေးကြီးသို့ ရောက်နှင့်နေပြီဖြစ်ကြောင်း သူတို့ သေချာပေသည်။
ထိုအတွေးဝင်လာသောအခါ သူတို့ ပိုပို၍ ဒေါသထွက်လာကြ၏။
'ငါတို့ ဒီကောင်ကို လွယ်လွယ်ကူကူသေခိုင်းလို့ မရဘူး! သူ့ကို အရက်စက်ဆုံးနည်းလမ်းတွေနဲ့ နှိပ်စက်ရမယ်!'

နတ်ဆိုးများစွာ သူ့ကို စိမ်းစိမ်းဝါးဝါးကြည့်နေကြသော်လည်း ကျန်းဂျိသည် အကြောက်အရွံ့မဲ့နေဆဲဖြစ်ပြီး သေရန် အသင့်ဖြစ်နေသလိုပင်။
သေခြင်းခုနစ်ပါးမိစ္ဆာကလန်တွင် အချိန်တစ်ချို့ နေခဲ့ပြီးနောက် သူ အတော်လေး ရင့်ကျက်လာခဲ့လေပြီ။
အတိတ်တုန်းကဆိုလျှင် သူ နတ်ဆိုးများဆီသို့ သေချာပေါက် ပြေးဝင်ကာ ချန်ချန်နှင့် ယှဉ်၍ တိုက်ခိုက်ပေလိမ့်မည်။ ယခုတော့ ပို၍အမြော်အမြင်ရှိသော လုပ်ရပ်ကို သူ လုပ်ဆောင်ခဲ့၏။
သူ့ဆရာက သူ့အတွက် စီစဉ်ပေးထားသော နတ်ဆိုးသတ်ဖြတ်အစောင့်များကိုလည်း သူ အဝေးသို့ နှင်ထုတ်ပြီးလေပြီ။
သူတို့သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ လေးယောက်သာ ဖြစ်ပြီး သူတို့ကို ဝင်ပါခိုင်းလျှင် သေသည် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရသွားကြပေလိမ့်မည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now