အပိုင်း ၂၃၉ (စာစဉ် ၁၆ အပိုင်း ၁၄)

536 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၉ (စာစဉ် ၁၆ အပိုင်း ၁၄)
သူတို့ လုပ်ခဲ့သလို ပြန်လုပ်ရမှာပေါ့

ထိုအကြောင်းကို တွေးမိကြပြီးနောက် ကျောက်စိမ်းဆေးမီးဖိုကလန်၏ လူငယ်မျိုးဆက်များထဲတွင် ကျော်ကြားသော ပါရမီရှင်များ မရှိကြောင်း သူတို့ သဘောပေါက်သွားသည်။
တကယ်ဆို ဆေးပညာရှင်များသည် အခြားသူများနှင့် မတိုက်ခိုက်နိုင်ဘဲ ဆေးပညာဖြင့်သာ အခြားသူများကို ယှဉ်ပြိုင်နိုင်ပေသည်။ သို့သော်လည်း ပြင်ပလောကသို့ မပျံ့နှံ့သော အတွင်းရေးပြိုင်ဆိုင်မှုများလည်း ရှိနေ၏။
ထို့ကြောင့် ကျော်ကြားလာရန် မလွယ်ကူချေ။

"ဒါကို အပိုင်းပိုင်းဖြတ်ပြီး သူတို့ကို ဝေပေးလိုက်ပါ"
ချန်ချန် ဝိညာဉ်ဂျင်ဆင်းကို ကျန်းဂျိအား ပစ်ပေးလိုက်ပြီး မနေနိုင်ဘဲ နောက်တစ်ခေါက် ပြန်ကြည့်မိသည်။
တကယ်ဆို ထိုဝိညာဉ်ဂျင်ဆင်းကို ရရန် သူ အနည်းငယ် အားထုတ်ခဲ့ရသည်။
ကျန်းဂျိသည် အရိပ်အမြွက်တစ်ခုခုပေးမည်လားဟု ထင်မြင်ပြီး ချန်ချန့်ကို ကြည့်လိုက်ရာ ချန်ချန်က ဘာမှမပြခဲ့သဖြင့် ထိုဝိညာဉ်ဂျင်ဆင်းကို တကယ်ပင် ဝေးပေးရမည်ဖြစ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် ကျန်းဂျိ အလွန်အမင်း စိတ်ထိခိုက်သွား၏။
'အကိုကြီးက ငါ့ကို လူကိုယ်တိုင် လာကူညီပေးတင်မကဘူး သေခြင်းခုနစ်ပါးမိစ္ဆာကလန်တစ်ခုလုံးကိုလည်း ထောက်ပံ့ပေးခဲ့တယ် အခုအချိန်မှာ အဲ့တာကို ပြန်ပေးဆပ်ဖို့ ငါ စွမ်းအားမဲ့နေတယ်' ကျန်းဂျိ သူ့ဘာသာသူတွေးနေရင်း စိတ်ထဲတွင် တိတ်တဆိတ် တေးမှတ်ထားလိုက်သည်။
ခနာကြာပြီးနောက်
ဝိညာဉ်ဂျင်ဆင်းကို သေခြင်းခုနစ်ပါးမိစ္ဆာကလန်၏ ကျင့်ကြံသူများအား ဝေးပေးလိုက်သည်။ သူတို့ ဘာမှမပြောကြသော်လည်း သူ့ကြင်နာမှုကို သူတို့ နားလည်ပေသည်။

ဤအချိန်များအတွင်း ချန်ချန်သည် ဤတိုက်ပွဲကွင်းပြင်ရှိ အခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်၏ ရန်သူတော်ဟောင်းမှာ တောင်ဘက်နယ်စပ် မဟာရွံ့အိုင်၏ အရှင်သခင် ချီလင်ကလန်ဖြစ်သည်။ သူတို့သည် နှစ်ရာပေါင်းများစွာ ကျော်ကြားခဲ့ပြီး စိတ်ဝိညာသန့်စင်ခြင်းအဆင့်အောက်ရှိ အသန်မာဆုံးနတ်ဆိုးအင်ပါယာအချို့ ပိုင်ဆိုင်ထားသော ကလန်တစ်ခုပင်။ သူတို့သည် ကြက်‌ေသွးရောင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာတို့ထက် ပိုမိုသန်မာပေသည်။
နတ်ဆိုးမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲများသည် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာနှင့် ဒေါသ‌ခြင်္သေ့နတ်ဆိုးအင်ပါယာ၏ လူသားများကို အမြစ်ဖြတ်သုတ်သင်မည့် အစီအစဥ်ကို ထောက်ခံကြသည်။ ထို့ကြောင့် သူတို့၏ မျိုးဆက်သွေးစွမ်းအားမြင့်တက်လာစေရန် ကူညီပေးခဲ့ကြ၏။
သို့သော်လည်း ချီနှင့်ဝေတိုင်းပြည်သို့ သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင် ရောက်ရှိလာသဖြင့် နတ်ဆိုးအင်ပါယာအချို့‌ ကြောက်လန့်၍ နောက်ပြန်ဆုတ်သွားခဲ့ကြသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Nơi câu chuyện tồn tại. Hãy khám phá bây giờ