အပိုင်း ၂၆၂ (စာစဉ် ၁၈ အပိုင်း ၇)

273 26 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၂ (စာစဉ် ၁၈ အပိုင်း ၇)
စိတ်ရှုပ်ထွေးခြင်း

ချန်ချန် မြို့ထဲတွင် နေ့တဝက်ကြာ နေခဲ့သည်။
တစ်ရက်ကြာပြီးနောက် နန်ပင်းဟိုင်သည် သိုလှောင်လက်စွပ်တစ်ခုကို ချန်ချန်အား ပေးလာပြီး စိတ်ဖိစီးနေပုံ ပေါ်နေ၏။
ယခင်က ကျောက်စိမ်းဆေးမီးဖိုကလန်ကို သူ ပိုက်ဆံများစွာ ပေးချေခဲ့သော်လည်း ဆေးလုံးတစ်လုံးမှ မရရှိသေးရုံသာမက အဆုံးမဲ့ပင်လယ်ရှိ ကျွန်းများ၏ ဈေးကွက်ထဲတွင် ရောင်းချနေသော ဆေးလုံးအားလုံးကို သူ ဝယ်ယူခဲ့ရသည်။
ထိုကုန်ကျစရိတ်ကို သူနှင့် အခြားလှေပိုင်ရှင်အချို့တို့သည် မိမိတို့၏ ကိုယ်ပိုင်ပိုက်ဆံများဖြင့် ကျခံကြရသည်။
သို့သော်လည်း မည်သူမျှ ဘာမှမပြောဝံ့ချေ။

ချန်ချန်သည် သိုလှောင်လက်စွပ်ကို ယူပြီး ဆေးလုံးများအားလုံးကို ထုတ်ယူလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ဆေးပုလင်းပေါင်း တစ်ထောင်ကျော် ရှိနေ၏။
ထိုဆေးပုလင်း အနည်းငယ်ဖြင့်ပင် စိတ်ဝိညာဥ်ကျောက်တုံးသန်းချီ တန်ဖိုးရှိသဖြင့် ကြမ်းပြင်ပေါ်ရှိ ဆေးပုလင်းအားလုံး၏ တန်ဖိုးကို မှန်းဆကြည့်နိုင်ပေသည်။

"အရှင် ဘယ်ဆေးလုံးတွေကို လုယက်ခံလိုက်ရတဲ့ဟာတွေဆိုတာ အရှင်က သိနေလို့လား?"
နန်ပင်းဟိုင်သည် ချန်ချန်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး အံ့အားသင့်စွာ မေးမိသည်။
ထိုဆေးပုလင်းတစ်ထောင်ကျော်ကို အမျိုးအစားခွဲခြားဖို့အသာထား ကြည့်နေရုံဖြင့်ပင် သူ ခေါင်းမူးနေလေပြီ။ ထိုဆေးများသည် အမျိုးအစားမျိုးစုံပင်။

"ငါတို့ ဆေးပညာရှင်တွေက အရည်အချင်းမရှိဘူးလို့ မင်း ထင်နေတာလား? ဒါတွေက အခြေခံအဆင့်ပဲ ရှိတယ်"
ချန်ချန် ဂရုမစိုက်ဟန်ဖြင့် ပြောကာ ဆေးပုလင်းတစ်လုံးကို ကောက်ယူပြီး ဖွင့်ကာ ဆေးလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူက ဆေးလုံးများကို သေသေချာချာ စစ်ဆေးကြည့်နေဟန် ပေါ်နေ၏။

"စနစ် ဆယ်မီတာပတ်လည်မှာ သန့်စင်ထားတာ မကြာသေးတဲ့ ဆေးလုံးတွေက ဘယ်နေရာမှာလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now