အပိုင်း ၂၄၀ (စာစဉ် ၁၆ အပိုင်း ၁၅)

536 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၀ (စာစဉ် ၁၆ အပိုင်း ၁၅)
ငါ မင်းကို ကူညီပေးမယ်

"အကိုကြီး ဆရာက သူ့ကို ကူညီ‌ဖို့ အချိန်သုံးရက်ပဲ ဆွဲပေးပါလို့ ပြောခဲ့တယ် ဒီသုံးရက်အတွင်း ကျွန်တော်တို့ ဆက်တိုက်နောက်ဆုတ်နိုင်ပြီးတော့ ချီနှင့်ဝေတိုင်းပြည်ကနေတောင် လုံးဝဆုတ်သွားလို့ရတယ်"
ကျန်းဂျိ၏ လေသံက လေးနက်နေသည်။
စခန်းတွင် သတ်ဖြင်ခြင်းခုနစ်ပါးမိစ္ဆာသခင် မရှိသည့်အကြောင်းသာ ပျံနှံ့သွားလျှင် ချီလင်ကလန်၏ နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာသည် ဤနေရာရှိ လူသားကျင့်ကြံသူများကို တစ်နာရီအတွင်း သတ်ဖြတ်နိုင်ပေမည်။
ထိုသို့ဖြစ်သွားလျှင် နှစ်နာရီလောက်ပင် သူတို့ အချိန်ဆွဲနိုင်တော့မည်မဟုတ်ချေ။
ချန်ချန် ခေါင်းညိတ်ကာ မေးလိုက်သည်။ "တခြားလူတွေရော ဒီအကြောင်း သိသေးလား?"

"မသိကြဘူး ဆရာက အရမ်းသတိကြီးတယ် ဒီအကြောင်းကို သိတာ သူနဲ့ ကျွန်တော်ပဲ ရှိတယ် လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေကိုတောင် ဒီအကြောင်း မပြောပြခဲ့ဘူး အကိုကြီးတစ်ယောက်တည်းကိုပဲ ကျွန်တော် ပြောပြတာ"

"ကောင်းတယ် ဒီအကြောင်း ပျံ့နှံ့သွားလို့မဖြစ်ဘူး တစ်ယောက်ယောက်က စခန်းထဲမှာ သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင် မရှိတာကို သိသွားရင် ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ စိတ်ဓာတ်ကျသွားလိမ့်မယ် ပြီးတောက် ငါတို့ကြားထဲမှာ ပုန်းနေတဲ့ သတင်းပေးတွေလည်း ရှိ‌ကောင်းရှိလိမ့်မယ်" ချန်ချန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
၎င်းကို အကြောင်းရင်းမရှိဘဲ သူ ပြောခြင်းမဟုတ်ပေ။ ဥပမာအားဖြင့် လူသားများကြားတွင် ပုန်းနေကြသော နတ်ဆိုးတစ်ပိုင်းများ ရှိကြ၏။
သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်က နတ်ဆိုးပိုင်နက်ဆီသို့ သွားနေသော သတင်းသာ ပေါက်ကြားသွားလျှင် နတ်ဆိုးများသည် ထောင်ချောက်များ ဆင်ထားနိုင်ပြီး သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင် ပြန်လာနိုင်တော့မည် မဟုတ်ချေ။

"အကိုကြီး ကျွန်တော် နားလည်ပါတယ်" ကျန်းဂျိ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
၎င်းကို မြင်ပြီး ချန်ချန် သူ့ပခုံးကို ပုတ်လိုက်သည်။ တစ်ခုခုသာ မှားယွင်းမနေခဲ့လျှင် သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်သည် ကျန်းဂျိကို လုပ်ပိုင်ခွင့်အားလုံး ပေးခဲ့လိမ့်မည်။
"မစိုးရိမ်ပါနဲ့ ငါ မင်းကို ကူညီပေးမယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now