အပိုင်း ၂၁၃ (စာစဉ် ၁၅ အပိုင်း ၃)

653 74 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၃ (စာစဉ် ၁၅ အပိုင်း ၃)
တိုင်းပြည်နှစ်ခု၏ တပ်မှူး

အရိုသေပေးပြီးနောက် ချန်ချန်၏ စီနီယာအစ်ကိုအစ်မရှစ်‌ယောက်သည် ဆေးညွှန်းများကို သေသေချာချာ‌ လေ့လာတော့သည်။
ချန်ချန့်ဆီမှ သင်ကြားမှုတစ်ချို့ရရှိပြီးနောက် ယခုအချိန်တွင် သူတို့ လုံးဝမသိသည်တော့ မဟုတ်ပေ။ တစ်ချို့သော နက်နဲပြီး ထူးခြားသည့် အချက်အလက်များကို သူတို့ သတိပြုမိသည့်အခါ အံ့အားသင့်စွာဖြင့် ချီးမွမ်းမိကြ၏။
အခြားသောနောက်လိုက်များအတွက်ကတော့ ဤနေရာနှင့် သဟဇာတဖြစ်စေရန် ပြုလုပ်နေကြသည်။
ဂူထဲတွင် တိတ်ဆိတ်ငြိမ်းချမ်းနေကာ စာပေအငွေ့အသက်တို့ ပြည့်နှက်နေသည်။

နှစ်နာရီကုန်ဆုံးသွားသည်။

ယုဟိုသည် ရုတ်တရက်ပင် သက်ပြင်းရှည်ကြီးချကာ လေးနက်သော အမူအရာဖြင့် ချန်ချန်ဆီသို့ လမ်းလျှောက်လာပြီး အားနေနေပုံပေါ်နေ၏။
"ဂျူနီယာညီလေး ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင် ငါတို့ အချိန်အတော်ဖြုန်းခဲ့ပြီးပြီ ဒီလောက်ဆို လုံလောက်ပြီလို့ ငါ ထင်တယ်  ငါတို့ ဆက်လေ့လာနေရင် ငါ့ရဲ့ အရင်က အတွေးအမြင်တွေကို နှောင့်ယှက်သွားလိမ့်မယ်"

"အဲ့လိုလား? ဒါဆိုလည်း နားကြတာပေါ့" ချန်ချန် ခေါင်းညိတ်ကာ ယုဟိုပြောသည်ကို သဘောတူလိုက်သည်။

"ဂျူနီယာညီလေး ဒီမှာ ‌တိတ်ဆိတ်တဲ့နေရာတစ်ခုခုရှိလား? ငါ့ရဲ့ ဆေးမီးဖိုက ဆက်မစောင့်နိုင်တော့ဘူး.......ငါ့ခေါင်းထဲမှာ အတွေးအမြင်သစ်တွေအများကြီး ရှိနေပြီးတော့ ငါ့သီအိုရီတွေကို စမ်းသပ်ဖို့ လေ့ကျင့်ရမယ်"
ယုဟိုသည် သူ့လက်များကို ဖျစ်ညစ်နေကာ ဆေးသန့်စင်ရန် ဆန္ဒပြင်းပြသောအခါ ပြုလုပ်နေကျအပြုအမူပင်။

ချန်ချန်က သူ ထိုသို့ပြောလာမည်ကို စောင့်နေခဲ့ပြီး အလောတကြီး ပြန်ဖြေလိုက်သည်။ "ရှိပါတယ် ရှိပါတယ်! ကျွန်တော် နေရာတစ်ခု ပြင်ဆင်ထားရုံသာမက ဆေးပင်တွေကိုလည်း အရင်ကတည်းက ပြက်ဆင်ထားခဲ့တယ် စီနီယာအကို အဲ့ဒီကို သွားကြတာပေါ့ ကျွန်တော့ကို ဟိတ်ကြီးဟန်ကြီးတွေ လုပ်စရာမလိုပါဘူး"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora