အပိုင်း ၂၅၉ (စာစဉ် ၁၈ အပိုင်း ၄)

499 63 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၉ (စာစဉ် ၁၈ အပိုင်း ၄)
မင်း ငါ့ကို အလွတ်ပေးမှာလား?

"ဆရာ ဒီလက်အိတ်က သက်သက်နဲ့ အလုပ်ဖြစ်မှာလား?" ချန်ချန် လေသံတိုးဖျော့စွာဖြင့် မေးမိသည်။
ယုချုံသည် စည်းမျဉ်းစည်းကမ်းကြီးသူ ဖြစ်သည်  သူမသာ ဒေါသထွက်စရာလူများဖြင့် တွေ့လျှင် ချက်ချင်း ရိုက်သတ်ပစ်ပေမည်။
သူ့စကားကို ကြားပြီး ယုချုံသည် သူမခေါင်းကို ခါပြီး ပြောလိုက်သည်။ "ပုံမှန်အားဖြင့် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေ ထောက်လှမ်းမိဖို့ ခက်ခဲလိမ့်မယ် ဒါပေမယ့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူတွေက ကောင်းကင်တာအိုကို အာရုံခံနိုင်လို့ နင် သူတို့နဲ့ နီးကပ်သွားရင် ထောက်လှမ်းနိုင်လိမ့်မယ်"

၎င်းကို ကြားသော် ချန်ချန် ခါးသက်စွာ ပြုံးမိသည်။
'ငါ သိတောင်မသိလိုက်ဘဲ ကောင်းကင်ရဲ့ ပစ်မှတ်ဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး'
'ဘယ်လောက်အထင်ကြီးစရာ ကောင်းလိုက်သလဲ?'
သူသည် နှစ်တစ်သောင်းအတွင်း လေးယောက်မြောက်‌ဖြစ်ပေသည်။
အခြားကိစ္စများဆိုလျှင် သူ ဂုဏ်ယူမိကောင်း ဂုဏ်ယူနိုင်သော်လည်း ယခုတော့ သူ့အသက်နှင့် ပတ်သက်နေသဖြင့် သူ့ကိုယ်သူ ဂုဏ်မယူနိုင်ချေ။
မိစ္ဆာကျင့်ကြံသူက ဤလောက၏ ကျင့်ကြံခြင်း ထိပ်ဆုံးတွင် ရောက်ရှိနေချိန်တွင် သူသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်တွင်သာ ရှိနေ၏။

"ချန်ချန် ဒီကိစ္စဟာ နင် ရတနာတွေအများကြီး ရယူခဲ့တာနဲ့ ပတ်သက်နေတယ်လို့ ငါ ထင်မိတယ် ငါ့ကို ရိုးရိုးသားသား ပြောပြပါ ဒီနှစ်တွေထဲမှာ နင် ရတနာ‌ဘယ်လောက်တောင် ရခဲ့တာလဲ?"
ယုချုံ ညင်သာစွာ မေးလိုက်သည်။
သူမလေသံ ညင်သာလေလေ ချန်ချန် ပိုသတိရှိလာလေလေပင်။
"အဟမ်း ကျွန်တော် အများကြီး ယူခဲ့တာ မှန်ပါတယ် ဒါပေမယ့် အများစုကို ကျွန်တော် တခြားသူတွေကို ပေးပစ်လိုက်ပြီ ဆရာ ကျွန်တော့ရဲ့ အကြီးမားဆုံးပြဿနာက အရမ်းရက်ရောတတ်တယ်ဆိုတာ ဆရာ သိမှာပါ ကျွန်တော် ဒီအကျင့်ကို ဖျောက်ပစ်လို့ မရဘူးလေ"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now