အပိုင်း ၂၈၀ (စာစဉ် ၁၉ အပိုင်း ၁၀)

250 23 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၀ (စာစဉ် ၁၉ အပိုင်း ၁၀)
မျိုးဆက်သစ်ကို ထောက်ပံ့ပေးခြင်း

အုန်း!

ပေါက်ကွဲသံနှင့်အတူ ချန်ချန် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် လွင့်စင်သွားသော်လည်း ခနအကြာတွင် ပိုမြန်သော အရှိန်ဖြင့် ပျံတက်သွားသည်။
နောက်ထပ်အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ထိုမြင်ကွင်းက တဖန်ဖြစ်လာပြန်သည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် နတ်ဆိုးဖိနှိပ်ခြင်းမြို့နှင့် လူသားအမြစ်ဖြတ်‌တောင်တို့ကြားရှိ မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်သည် အက်ကွဲကြောင်းများစွာဖြင့် ပြည့်နှက်လာ၏။
လူသားများဖြစ်စေ နတ်ဆိုးများဖြစ်စေ အက်ကွဲကြောင်းများကို မြင်သောအခါ မယုံနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
အခြားစိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူအများသာ သူတို့နေရာတွင်ဆိုလျှင် အချိန်အတော်ကြာကပင် သူတို့ခန္ဓာကိုယ်များ ပြိုလဲသွားလေပြီ။ သူတို့ ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် ရှိမည်မဟုတ်ချေ။
သို့သော်လည်း ချန်ချန်သည် လုံးဝထိခိုက်ဒဏ်ရာမရဘဲ သူ၏ အဝတ်အစားများသာ အနည်းငယ် စုတ်ပဲသွားသည်။ တကယ်ဆို သူ၏ အရှိန်အဝါနှင့် လွှမ်းမိုးမှုသည် ပို၍ပင် ကြီးစိုးလာ၏။

ချန်ချန့်အမြင်တွင် ကောင်းကင်ဆန့်ကျင်နတ်ဆိုးအင်ပါယာသာ ရှိနေသည်။
တိုက်ခိုက်မှုတစ်ခုပြီး တစ်ခု ခံယူပြီးနောက် ချန်ချန်၏ ကိုးဆင့်ပြောင်းလဲခြင်းရွှေခန္ဓာနည်းစနစ်သည် ပိုပို၍ သန်မာလာသည်။ သူသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်တော့မည် ဖြစ်ပြီး သူ ရွေးချယ်စရာမရှိဘဲ အဆင့်မတက်စေရန် ဖိနှိပ်ထားရသည်။
ထိုကဲ့သို့နည်းစနစ်မျိုးသည် တိုက်ခိုက်သည်နှင့် ပိုမိုသန်မာလာစေသည်။ သို့သော်လည်း စစ်မြေပြင်သည် အဆင့်ချိုးဖျက်ရန် နေရာကောင်းမဟုတ်ချေ။

"ကိုးဆင့်ပြောင်းလဲခြင်းရွှေခန္ဓာနည်းစနစ်က စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ကို ရောက်တဲ့အခါ ဘာဖြစ်သွားမလဲ ငါ တကယ်မသိဘူး"
ချန်ချန် သိချင်စိတ်ပြင်းပြနေသော်လည်း သူ၏ အကြွင်းမဲ့နတ်ဘုရားဓားသည် ပိုပို၍ သန်မာလာ၏။
နောက်ဆုံးတော့ အရေးကြီးအချိန်တွင် အကြွင်းမဲ့နတ်ဘုရားဓားသည် ပုဆိန်ကြီးကို လုံးဝခုခံနိုင်သွားသည်။
ချန်ချန်သည် ပိုပို၍ သန်မာလာချိန်တွင် နတ်ဆိုးအင်ပါယာ၏ အရှိန်အဝါသည် ပိုပို၍ အားနည်းလာသည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့နှစ်ယောက်သည် လက်ရည်ညီနေကြသည်။
ဤတိုက်ပွဲကို သူ အနိုင်ရပြီဖြစ်သဖြင့် သူ့ပခုံးပေါ်မှ ကျောက်တုံးကြီးပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
ယခုမှစ၍ ကောင်းကင်ဆန့်ကျင်နတ်ဆိုးအင်ပါယာသည် ဖိနှိပ်ခံရတော့မည် ဖြစ်သည်။

ဟောင်ရန်ဓားကလန်၏ သူတော်စင်မယ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိပြီး ဘေးတွင် ရှိနေသော ရှရှီယွမ်ကို ကြည့်ကာ နှစ်သိမ့်လိုက်သည်။ "ရှီယွမ် မစိုးရိမ်ပါနဲ့ ချန်ချန် အနိုင်ရသွားပါပြီ"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now