အပိုင်း ၂၄၈ (စာစဉ် ၁၇ အပိုင်း ၈)

461 70 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၈ (စာစဉ် ၁၇ အပိုင်း ၈)
ဒီလိုမျိုးတပည့်တစ်ယောက် ရှိတာလား?

"နတ်ဆိုးတွေရဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထအောင်လုပ်ဖို့ နတ်ဆိုးနတ်ဘုရားရဲ့ စွမ်းအားကို ငှားယူတာပါ"
ထိုရှင်းပြချက်ကို ကြားပြီး ချန်ချန် နှလုံးခုန်နှုန်း တစ်ချက်မှားသွားကာ စကားတစ်ခွန်းမှ မပြောဘဲ ထိုသွေးကို သိမ်းဆည်းလိုက်သည်။
ထိုသွေးသည် ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာ ရရှိခဲ့သော နတ်ဆိုးနတ်ဘုရားသွေးပင် ဖြစ်ရမည်။

နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထစေခြင်းသည် ထိုနတ်ဆိုးက သူတို့၏ ဘိုးဘေးအဆင့်သို့ ရောက်နိုင်စွမ်းရှိသည်ဟု ဆိုလိုနေ၏။
အိမ်မွေးဝက်တစ်ကောင် ဘိုးဘေးသည်ပင် အတိတ်တွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့နိုင်သည်။
ထိုသွေး၏ စွမ်းအားသည် ယခုလက်ရှိ အိမ်မွေးဝက်များကိုပင် ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေနိုင်သည်။
ချန်ချန် ထိုအရာကို သိမ်းထားပြီး နောက်ပိုင်းတွင် လောင်ဟေးကို ပေးရမည်ဖြစ်သည်။
တကယ်ဆို လောင်ဟေး၏ အနည်းငယ်သန္ဓေပြောင်းပြီးသော အိမ်မွေးဝက်သွေးမျိုးဆက်သည် အလွန်နိမ့်ကျပြီး ဖွံ့ဖြိုးနိုင်စွမ်း အကန့်အသတ်ရှိနေ၏။
သူ လောင်ဟေးကို ပေးခဲ့သော အရင်းအမြစ်များသည် အခြားမည်သည့်နတ်ဆိုးကိုမဆို နတ်ဆိုးအင်ပါယာတစ်ယောက် ဖြစ်လာစေနိုင်သည်။

ချန်ချန်က ရောင်စုံသွေးကို သိမ်းဆည်းလိုက်သည်ကို မြင်ပြီး ချင်းလင်၏ မျက်ဝန်းများ တဆတ်ဆတ်တုန်သွားကာ စကားပြောရန် တုံ့ဆိုင်းနေသည်။
၎င်းကို မြင်ပြီး ချန်ချန် ပြုံးကာ မေးလိုက်သည်။ "အစ်မချင်းလင် အစ်မက ဒီကုန်းမြေနတ်ဆိုးရဲ့ သွေးကို ကြိုက်နေတာလား?"

ထိုစကားကို ကြားသောအခါ ချင်းလင်၏ မျက်နှာသည် ဖြူဖျော့သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ငါကလား? ကုန်းမြေနတ်ဆိုးတစ်ကောင်ရဲ့ သွေးကို ကြိုက်ရမယ်ပေါ့? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ထိုစကားများကို ပြောပြီးနောက် ချင်းလင်သည် အပူပင်မဲ့အင်မော်တယ်နန်းတော်ထဲသို့ အလျင်အမြန် ပြန်ဝင်သွားတော့သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin