အပိုင်း ၂၅၈ (စာစဉ် ၁၈ အပိုင်း ၃)

481 65 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၈ (စာစဉ် ၁၈ အပိုင်း ၃)
စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်၊ ကပ်ဘေးသုတ်သင်စည်းတံဆိပ်

"ဟင်?"
အမျိုးသမီး၏ အမူအရာသည် ပြောင်းလဲသွားပြီး အရှက်ခွဲခံရမှု၊ ရှက်ရွံ့မှုကြောင့် သူမမျက်နှာတွင် ဒေါသပြည့်နှက်နေ၏။
"နင် သေရမယ်!"
ဒေါသတကြီးကြုံးဝါးပြီးနောက် အမျိုးသမီးသည် လက်ကို ဆန့်ထုတ်ကာ ချန်ချန့်ကို လည်ပင်းညှစ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏လက် သူ့ဆီသို့ မရောက်ခင် တားဆီးခံလိုက်ရသည်။
ချန်ချန် မသိလိုက်ဘာသာဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး သူ့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားသည်။ မိစ္ဆာတစ်ကောင်သည် ဆန်းကြယ်အလင်းအကာအကွယ်ကို အကြမ်းပတမ်းဝင်တိုက်နေသည်။
သို့သော်လည်း ဆန်းကြယ်အလင်းအကာအကွယ်သည် တုပ်တုပ်ပင်မလှုပ်ချေ။
၎င်းကို မြင်သောအခါ ချန်ချန် ပြုံးလိုက်သည်။
ယခင်ပုံရိပ်‌ယောင်နှစ်ခုကို ပြန်တွေးမိပြီး သူ အသက်ပြင်းပြင်းရှူမိသည်။

ဤလောကသို့ ရောက်လာပြီးနောက် ပထမဆယ်နှစ်အတွင်း သူ ဘာမှ များများစားစား မရရှိခဲ့ဘဲ ဆင်းရဲသည့်ဘဝတွင် နေထိုင်ခဲ့ပြီး သူ့မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဘဝကို ဖြတ်သန်းခဲ့၏။
သူ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိပြီးနောက် သူ များစွာ ရရှိခဲ့သည်။
သူနှင့်အတူ အခက်အခဲများ ရင်ဆိုင်ကျော်လွှားမည့် ညီအကိုများ ရရှိခဲ့ကာ သူ အမှန်တကယ် ချစ်မြတ်နိုးသော တာအိုလက်တွဲဖော်နှင့် တွေ့ဆုံခဲ့ပြီး ဆရာအချို့ ရရှိခဲ့သည်။
ထို့အပြင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများ၊ ရတနာများ၊ အခွင့်အလမ်းများကို ရရှိခဲ့ပြီး ဤလောကရှိ ရတနာမျိုးစုံကို မြင်ဖူးကာ အမြင်ကျယ်လာခဲ့သည်။
သူ့စိတ်အခြေအနေသည် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကြောင့် လုံးဝမယိမ်းယိုင်သည့် အဆင့်အထိ ရောက်ရှိသွားလေပြီ။

"လူငယ်လေး! မင်း သန်မာလာဖို့ စွမ်းအားကို လိုချင်လား? မင်း နေ့တိုင်း ကျင့်ကြံခြင်းအဆင့်ကို ခုန်ပျံကျော်လွှားစေချင်လား?"
ကောင်းကင်ရှိ မိစ္ဆာသည် ချန်ချန့်ကို ဆက်လက်ဆွဲဆောင်ရန် ကြိုးစားနေသော်လည်း သူ့ကို ပုံရိပ်ယောင်ထဲသို့ ဆွဲမထည့်နိုင်တော့ချေ။
ချန်ချန် ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ ကောင်းကင်သို့ လက်ညှိုးညွှန်လိုက်သည်။ "ချီးထုပ်လို အတိဒုက္ခတွေကြောင့်သာ မဟုတ်ရင် အချိန်အတော်ကြာကတည်းက ကျုပ် အင်မော်တယ်အဖြစ်ကို တက်လှမ်းသွားခဲ့ပြီ! တစ်နေ့‌တစ်နေ့ ကျင့်ကြံခြင်းအဆင့် အများကြီးတိုးတက်တယ်ဆိုတာ ကျုပ်အတွက် ဘာမှမဟုတ်ဘူး"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now