အပိုင်း ၂၅၆ (စာစဉ် ၁၈ အပိုင်း ၁)

492 63 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၆ (စာစဉ် ၁၈ အပိုင်း ၁)
ကောင်းကင်မိစ္ဆာဆင်းသက်လာခြင်း

ချန်ချန် သိုလှောင်လက်စွပ်ထဲသို့ ကြည့်လိုက်ရာ မှော်ရတနာသုံးခု ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ ဘာမှ မမေးရသေးခင်မှာပင် ယုချုံက သူ့ကို ရှင်းပြလာ၏။
"ပထမရတနာကို ဆန်းကြယ်အလင်းအကာအကွယ်လို့ ခေါ်တယ် အဲ့ဒါက ကမ္ဘာဖျက်နတ်ဘုရားမိုးကြိုးတွေကိုတောင် ပိတ်ဆို့နိုင်တဲ့ ထိပ်တန်းအတိဒုက္ခဖြတ်ကျော်ရတနာပဲ အဲ့တာက စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးကို ကူညီပေးခဲ့တယ်"
"ဒုတိယတစ်ခုက နှလုံးသားတည်ငြိမ်အမွှေးတိုင်အိုးလို့ခေါ်တယ် သူက လမ်းမှားရောက်သွားမှာကို ကာကွယ်ပေးဖို့ လူတစ်‌ယောက်ရဲ့ စိတ်အခြေအနေကို တည်ငြိမ်စေနိုင်တယ် ဒီဟာက ကလန်ခေါင်းဆောင်ရဲ့ ပစ္စည်းပဲ"
"တတိယတစ်ခုကိုတော့ မဖျက်ဆီးနိုင်သောတံခွန်လို့ ခေါ်တယ် သူက ထိပ်တန်းမိစ္ဆာရတနာတစ်ခုပဲ နောက်ပိုင်းမှာ ကျောက်စိမ်းဆေးမီးဖိုကလန်က ဒီဟာကို ရလာပြီးတော့ အတိဒုက္ခဖြတ်ကျော်တံခွန်အဖြစ် ပြန်ပြီး သန့်စင်ခဲ့တာ"
"ဒီရတနာနဲ့ဆို အတိဒုက္ခရင်ဆိုင်နေရင်း နင် သေသွားရင်တောင် မဖျက်ဆီးနိုင်သောတံခွန်က လက်ကျန်စိတ်ဝိညာဉ်တစ်စကိုတောင် စုပ်ယူနိုင်တယ် နောက်ပိုင်းကျရင် နင့်မှာ ပြန်ကျင့်ကြံဖို့ အခွင့်အရေး ရလာလိမ့်မယ်"

ယုချုံ၏ စကားများကို ကြားသော် ချန်ချန် အတော်လေး စိတ်သက်သာရာရသွား၏။
ထိုရတနာသုံးခုနှင့်ဆိုလျှင် သူ ပြိုင်ဘက်ကင်းဖြစ်နိုင်ပြီး သူ ကြောက်ရွံ့စရာ ဘာမှ မရှိတော့ချေ။
သို့သော်လည်း ခနကြာပြီးနောက် သူ့စိတ်အခြေအနေ ကောင်းမွန်မှု ကျဆင်းသွားသည်။
သုံးမြှောင့်ပုံရတနာကို သူ ရရှိခဲ့စဉ်ကလည်း သူ ပြိုင်ဘက်ကင်းပြီဟု ခံစားခဲ့ရသည်။ သို့သော်လည်း ကောင်းကင်သည် သူ့ကို လှည့်စားခဲ့၏။

"ဆရာ ဆရာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်! ကျွန်တော် ဒါကို အမှတ်ရနေမှာပါ"
ချန်ချန်သည် သိုလှောင်လက်စွပ်ထဲမှ ရတနာများကို ကြည့်နေရင်း တည်ကြည်သော အမူအရာဖြင့် ‌ လေးနက်စွာ ပြောလိုက်သည်။
ချန်ချန့်အမူအရာကို မြင်သောအခါ ယုချုံ အံ့အားသင့်သွားသည်။ ထို့နောက် သူမ လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။ "ဒီလောက်ထိ ချွဲနွှဲမနေနဲ့ နင်က ငါ့တပည့်ပဲလေ နင် အတိဒုက္ခကို ရင်ဆိုင်ရင်း သေသွားရင် ငါလည်း အရှက်ရစရာတွေ ဖြစ်ကုန်မယ် ဒါနဲ့ တောင်ထိပ်က အတိဒုက္ခစင်မြင့်ဆီကို သွားဖို့ မှတ်ထားပါ အဲ့ဒီမှာ မိုးကြိုးအစီအရင်တစ်ခု ရှိတယ် ငါ နင့်အတွက် စီစဉ်ထားပြီးသား နင် တစ်ခါတည်းသွားလို့ရပြီ"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora