အပိုင်း ၂၈၅ (စာစဉ် ၁၉ အပိုင်း ၁၅)

271 23 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၅ (စာစဉ် ၁၉ အပိုင်း ၁၅)
မြို့ကို စောင့်ကြပ်ခြင်း

အချိန်တစ်ချို့ကြာပြီးနောက် ချန်ချန်သည် မဟာဂျင်အင်ပါယာ၏ စတုတ္ထမင်းသားကို သူတော်စင်မြင့်မြတ်အလင်းနည်းစနစ်ဖြင့် သတ်ဖြတ်ပြီး သူ၏ နတ်ဘုရားအာရုံသည်လည်း တိုးတက်လာသည်။ ၎င်းသည် တစ်ဆို့တော့မလို ဖြစ်နေပြီး သူ ၎င်းကို ချိုးဖျက်နိုင်လျှင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
‌စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံသည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံထက် များစွာ ပိုမိုသန်မာသည်ဟု ကောလဟာလများ ရှိသော်လည်း ၎င်းက အမှန်ဟုတ်မဟုတ် မရှင်းလင်းချေ။
ဘာပဲဖြစ်ဖြစ် မဟာကလန်လေးခု၏ ကလန်ခေါင်းဆောင်များသည် သူတို့၏ နတ်ဘုရားအာရုံဖြင့် မီတာ ၅,၀၀၀ပတ်လည်အတွင်း ထောက်လှမ်းနိုင်ကြောင်း ချန်ချန် အသေအချာ ပြောနိုင်၏။

သူတို့ နတ်ဆိုးဖိနှိပ်ခြင်းမြို့သို့ ပြန်ရောက်သောအခါ လူသားအမြစ်ဖြတ်တောင်သည် မီတာ၅၀၀ နောက်ဆုတ်သွားလေပြီ။
ယခု နတ်ဆိုးဖိနှိပ်ခြင်းမြို့၏ စွမ်းအားသည် လူသားအမြစ်ဖြတ်တောင် ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်သဖြင့် လူသားအမြစ်ဖြတ်တောင်သည် နောက်ကိုသာ ဆုတ်ရတော့သည်။
နတ်ဆိုးဖိနှိပ်ခြင်းမြို့တွင် ဟောင်ရန်ဓားကလန်၏ သူတော်စင်မယ်သည် ချန်ချန့်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။
သူမ၏ အကြည့်ကြောင့် ချန်ချန် အလွန်အမင်း စိတ်ဖိစီးသွားသည်။ 'သူမက ဘာပြောချင်နေတာလဲ? သူမက စကားပြောဖို့ ဘာကြောင့် တုံ့ဆိုင်းနေရတာလဲ? သူမက ငါ့ကို လှည့်စားမလို့လား?'

"ချန်ချန်......." ‌အချိန်အတော်ကြာပြီးမှ ဟောင်ရန်ဓားကလန်၏ သူတော်စင်မယ်သည် စကားပြောလာသည်။
"ဆရာ ဆရာ့မှာ ညွှန်ကြားစရာတစ်ခုခု ရှိနေလို့လား?"
ချန်ချန် တလေးတစား မေးမြန်းလိုက်သည်။
ဟောင်ရန်ဓားကလန်၏ သူတော်စင်မယ်သည် စိတ်နေစိတ်ထား၊ ကိုယ်ကျင့်စရိုက်အရ ရှရှီယွမ်ထက် နိမ့်ကျသော်လည်း အခြားလူသားများနှင့်ယှဥ်လျှင် သူမကို လူကောင်းတစ်ယောက်ဟု ယူဆနိုင်တုန်းပင်။
ထို့ကြောင့် ရှရှီယွမ်အတွက်ဆိုလျှင်ပင် သူမကို သူ လေးစားနေဆဲပင်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now